Author: RNA Editor

  • နိုင်ငံရေး အကျပ် အတည်းများကို တွေ့ဆုံဆွေးနွေးအ‌ဖြေရှာရန် RCSS တိုက်တွန်း

    နိုင်ငံရေး အကျပ် အတည်းများကို တွေ့ဆုံဆွေးနွေးအ‌ဖြေရှာရန် RCSS တိုက်တွန်း

    RNA- မေ ၂၁ ရက်။

    လက်ရှိ နိုင်ငံရေး အကျပ်အတည်းများနှင့်ပတ် သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ‌ဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာ ဖြေရှင်းကြရန် RCSS/SSAက ယနေ့ ( မေလ ၂၁ ရက်) ၆၃ နှစ်မြောက် သျှမ်းအမျိုး သားတော်လှန်ရေးနေ့တွင် တိုက်တွန်း ထုတ်ပြန်ထားသည်။

    Red News Agency

  • ကလေးမြို့အတွင်း ပြည်သူများ ည (၇) နာရီ နောက်ပိုင်း အပြင်မထွက်ရန် သတိပေး

    ကလေးမြို့အတွင်း ပြည်သူများ ည (၇) နာရီ နောက်ပိုင်း အပြင်မထွက်ရန် သတိပေး

    ကလေး၊ မေ ၁၆ ရက်။

    စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူများအနေဖြင့် ည (၇) နာရီနောက်ပိုင်း ကျန်းမာရေး ကိစ္စမှလွဲ၍ အိမ်အပြင်မထွက်ရန်နှင့် ယာဥ်ကြီး ယာဥ်ငယ်များအနေဖြင့်လည်း ည(၁၀)နာရီနောက်ပိုင်း လုံးဝရပ်တန့်ထားပေးကြရန် ယနေ့ (မေလ ၁၆ ရက်) တွင် ကလေးဒေသ ခုခံကာ ကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

    Red News Agency

  • ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် ယနေ့ဖွဲ့စည်း

    ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် ယနေ့ဖွဲ့စည်း

    ကရင်ပြည်နယ်၊ မေ ၁၆ ရက်။

    ကရင်ပြည်နယ်အတွင်း ပြည်နယ်သူ/သားများအား မတရားဖမ်းဆီး၊နှိပ်စက်၊ဖိနှိပ်အုပ်ချုပ်နေသော အာဏာလုစစ်ကောင်စီ အားခုခံတွန်းလှန်နိုင်ရန်အတွက် ယနေ့ (မေလ ၁၆ ရက်) တွင် ကရင် ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့People’s Defence Force (Kayin Region)ကို ကရင် ပြည်နယ်အတွင်းရှိ ပြည်သူ့ တော်လှန်ရေးအင်အားစုများစုစည်း၍ ဖွဲ့စည်းလိုက်ကြောင်း P. D. F (Kayin Region) လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • အောင်ဘာလေထီ တစ်လ ၁ ကြိမ် ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဖွင့်စနစ် ပြောင်းလဲ

    အောင်ဘာလေထီ တစ်လ ၁ ကြိမ် ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဖွင့်စနစ် ပြောင်းလဲ

    နေပြည်တော်၊ မေ ၁၂ ရက်။

    အောင်ဘာလေထီ ထိုးသူမရှိ၍ ယခင် တစ်လလျှင် ၁ ကြိမ်ဖွင့်လှစ်နေရာမှာ ယခုအခါ နှစ်လလျှင် ၁ ကြိမ် ဖွင့်လှစ်သည့် စနစ်သို့ ပြောင်းလဲထားကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

    စစ်အာဏာရှင် ယန္တယားလည်ပတလ်မှုမရှိအောင် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်မှုမလုပ်ရာတွင် ထီထိုးခြင်း၊ ဘဏ်များတွင် ငွေမအပ်ခြင်း၊ စစ်ကောင်စီ ရုံးများနှင့် အဆက်အဆံမလုပ်ခြင်း စသည်တို့ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ပျင်နေကြသည်။

    ၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို ဇွန်လ ၁ ရက်နေ့အစား ဇူလိုင်လ ၁ ရက်နေ့ တွင်လည်းကောင်း အသီးသီး ပြောင်း လဲ ဖွင့်လှစ်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ်ကောင်စီ ယန္တယားသည် ယခင်အစိုးရလက်ထက်လို တည်ငြိမ်အောင်ထိန်းနိုင်စွမ်းမရှိကြောင်း၊ အာဏာသိမ်းအပြီး ရက် ၁၀၀ ကျော်အထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့မှာ ပိုမိုဆိုးရွားလာကြောင်း၊ မြန်မာပြည်သူများမှာ စစ်အာဏာရှင် လက်အောက်မနေလိုသည့်အတွက် နည်းမျိုးစုံဖြင့် စစ်အာဏာရှင် ဒေါက်တိုင်များကို ဖြိုချနေကြသည်။

    Red News Agency

  • ဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

    ဖက်ဒရယ်ပြည်ထောင် စုပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

    ရန်ကုန်၊ မေ ၈ ရက်။

    ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် သည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ဗကသတည်ထောင်ခြင်း ၈၅နှစ်မြောက်နေ့တွင် ထုတ်ပြန်လိုက်သည်။

    Red News Agency

  • အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

    အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်

    RNA- မေ ၇ ရက်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ် ရေးဆိုင်ရာ အခြေခံမူများကို ယနေ့ ထုတ်ပြန်လိုက်သည်။

    Red News Agency

  • မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

    မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ထွက်ပေါ်လာ

    RNA- မေ ၇ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရ ကယ်ကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှ ဒေသအလိုက် မြို့နယ်အလိုက် ကာကွယ်ရေး တပ်ဖွဲ့များ ယနေ့ ( မေလ ၇ရက်) တွင် အများအပြားထွက်ပေါ်လာသည်။

    အာဏာသိမ်းစစ်အစိုးရကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံကာကွယ်ခဲ့ကြသည့် ပြည်သူများ၊ ရပ်ကွက်၊ မြို့နယ်၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် လက်တွဲသွားမည်ဟုလည်း ကြေညာချက်များတွင် ဖောပြထားကြသည်။

    ပြည်ပရောက်အများစု ဝန်ကြီးများပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို မြန်မာပြည်သူများက ထောက်ခံကြောင်း၊ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်အစိုရ လက်နက်ကိုင်များကို တိုက်ခိုက်မည်ဆိုပါက ပြည်သူ့စစ်ကို အကောင်အထည်ဖော်ရာတွင် မြို့နယ် ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

    စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

    RNA- မေ ၅ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရ ( UNG )က ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပြီး ယနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း ကြေညာခဲ့သည်။

    Red News Agency

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

    ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် ၁/၂၀၂၁
    ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း ၂၀၂၁ခုနှစ် မေလ ၅ ရက်

    ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။

    ၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

    ၃။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်။

    ၄။ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။

    ၅။ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်။

    ပုံ
    ပြည်ထောင်စုဝန်ကြီးချုပ်
    အမျိုးသားညီညွတ်ရေးအစိုးရ
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

  • အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

    အမျိုးသားညီညွတ် ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်

    အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်း၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်သုဝဏ္ဏ၊ ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးများကို ယနေ့ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

    Red News Agency