Author: RNA Editor

  • ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ကြေညာ

    ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ကြေညာ

    RNA_နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုဂျင်မီကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီပိုင် သတင်းဌာနက ယနေ့ ကြေညာသွားသည်။

    ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုဂျင်မီကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့က အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၁၆ ရက်အကြာမှာ သတင်းထုတ်ပြန်တာ ဖြစ်သည်။

    Red News Agency

  • ထန်တလန် မီးရှို့သူများကို ကန့်ကွက်ရှုတ်ချထားပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန် PPST က တောင်းဆို

    ထန်တလန် မီးရှို့သူများကို ကန့်ကွက်ရှုတ်ချထားပြီး ကျူးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန် PPST က တောင်းဆို

    RNA- နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။

    NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်များနှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ချင်းပြည်နယ်ထန်တလန်မြို့ မီးရှို့သူများကို ကန့်ကွတ်ရှုတ်ချပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန် ယနေ့ တောင်းဆိုကြောင်း ကြေညာထားသည်။

    ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးဆိုင်ရာသဘော ထားများ စုစည်းနိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းလိုက်ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖြစ်ပွားသော ချင်းပြည်နယ် ထန်တလန်ကိစ္စအပါအ၀င် စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ ၊ ဘာသာရေးအ ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး ကျုးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန်တောင်းဆိုကြောင်း အချက်များကို ထုတ်ပြန်ထားသည်။

    တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့(PPST) အစည်းအဝေး (၂၁/၂၀၂၁)ကို နိုဝင်ဘာလ ၄ နံနက်ပိုင်းမှ စတင်ကာ ယနေ့အထိ Video Conferencing ဖြင့် ၂ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ် စားလှယ်နိုလင်းဟေဇာ (Ms.Noeleen Heyzar) အားကြို ဆိုပြီး တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသော အထွေ ထွေ အကျပ်အတည်းဖြေရှင်းရေးကိစ္စနှင့် ပတ်သက်သည့် ၄င်း၏လုပ်ငန်းများကို PPST က လက်တွဲ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ကလေးမြို့ တောင်ဘတ် ပစ်ခတ်မှုတွေမှာ စစ်ကောင်စီတပ်က ၄၇ ယောက်သေတယ်လို့ ကလေး PDF က ထုတ်ပြန်ထား

    ကလေးမြို့ တောင်ဘတ် ပစ်ခတ်မှုတွေမှာ စစ်ကောင်စီတပ်က ၄၇ ယောက်သေတယ်လို့ ကလေး PDF က ထုတ်ပြန်ထား

    RNA- နိုဝင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း ကလေးမြို့ တောက်ဘတ် မိုင် ၂၀; အကွာ ဝန်းကျင် နတ်မြောင်း နတ်ချောင်းကျေးရွာ၊ သာစည်ကျေးရွာ၊ ချောင်းခွ စသည့် ကျေးရွာများအနီး စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်ကို ကလေး PDF နှင့် ပ- က-ဖ တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄၇ ယောက်သေဆုံးသည်ဟု ကလေး PDF က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

    ကလေးမြို့ စစ်ကောင်စီဆေးရုံကို စစ်ကောင်စီတပ်အလောင်း ၄၇ လောင်းရောက်ခဲ့သည်ကို စုံစမ်း သိရှိရကြောင်း၊ ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ ၊ နတ်ချောင်းဘက်သို့ တက်လာသည့် စစ်ကောင်စီအဖွဲ့ကို ကလေး PDF နှင့် ပ- က-ဖ တို့ ပူးပေါင်းတိုက်ခိုက်ရာ အချိန် ၃ နာရီဝန်းကျင် ကြာကြောင်း၊ ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင် စခန်းချနေသော စစ်ကောင်စီအဖွဲ့ကို ညှပ်ပြီး လက်နက်ကြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပ-က-ဖ အဖွဲ့ဝင်တဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်ကလည်း နတ်ချောင်စ နတ်မြောင်း၊ ချောင်းခွ စသည့် ကျေးရွာများအတွင်း လက်နက်ကြီး ငယ် များဖြင့် ပစ်ခတ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများ ခိုးသွားခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူများ အိုးအိမ်များစွန်ခွါ ထွက်ပြေးနေရကြောင်း သိရသည်။

    Red News Agency

  • ကျောင်းသားတပ်မတော် ( ABSDF) က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမည်ဟု တရားဝင်ကြေညာ

    ကျောင်းသားတပ်မတော် ( ABSDF) က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမည်ဟု တရားဝင်ကြေညာ

    RNA-နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။

    Photo: ABSDF

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) က စစ်အာအာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်သွားသည်ဟု ယနေ့ ကြရောက်သည့် ABSDF ၃၃ နှစ်ပြည့် ကြေညာချက်တွင် ‌အသိပေးထားသည်။

    ABSDF သည် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ပေါ်ပေါက်လာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး ယနေ့အချိန်ထိ လက်နက်စွဲကိုက်ထားပြီး သမ္မတ ဦးသိန်းစိတ်လက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်အတူ NCA လက်မှတ်ထိုးခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်အားကိုးဖြင့် ပြည်သူများကို နှိပ်စက် သတ်ဖြတ်ရာ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် တော်လှန်ရေး အဖွဲ့အစည်ူများကို ABSDF က ကြိုဆိုဝန်းရံလက်တွဲခဲ့ကြောင်း၊ တော်လှန်ရေးတွင် ထိခိုက် ကျဆုံးခဲ့ကြသည့် ရဲဘော် ရဲဘက်အပေါင်းကို လေးစား တန်ဖိုးထား အလေးပြုသည်ဟု ယနေ့ ကြေညာချက်မှာ ဖော်ပြထားသည်။

    ကျောင်းသားတပ်မတော် ( ABSDF) သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုသည့် နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်ခြင်းကို စစ်ရေးရည်မှန်း ချက်အဖြစ် ရည်ရွယ်ချက်ရှိရှိ ကျူး‌လွန်နေဟု KIA ပြော

    စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်ခြင်းကို စစ်ရေးရည်မှန်း ချက်အဖြစ် ရည်ရွယ်ချက်ရှိရှိ ကျူး‌လွန်နေဟု KIA ပြော

    RNA- နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။

    Photo: The Chin Journal – ယနေ့မြင်တွေ့ရသည့် ထန်တလန်မြို့ မီးလောင်မှုအပြီး မြင်ကွင်း။

    ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီ မီးရှို့ဖျက် ဆီးသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံအနှံ့ ထိုးစစ်ဆင်အကြမ်းဖက်တိုက်ခိုက်ခြင်းကို စစ်ရေးရည်မှန်းချက်ချမှတ်ကာ ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာကို တွေ့ရသည်ဟု ယနေ့မှာ KIO က ထုတ်ပြန်ပြောဆိုလိုက်သည်။

    KIO အနေဖြင့် အကြမ်းဖက်ခံရသဖြင့် ပူဆွေးစိတ်သောက ခံစားနေကြရသည့် ထန်တလန်မြို့သူ မြို့သား ညီနောင်ချင်းလူမျိုးများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ ထန်တလန်မြို့ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖြေရှင်းချက်ပြုလုပ်သော်လည်း အမှန်တရားကို ဖုံးကွယ်မရကြောင်း ကြေညာထားသည်။

    အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံသော အင်အားစု၊ အစုအဖွဲ့များက အကြမ်းဖက်သတ်ဖြတ်မှုများကို အထောက် အကူပြု ကာကွယ်ပေးနေခြင်းကြောင့် မြန်မာ့သမိုင်းတွင် မကြုံခဲ့ဘူးသည့် အပြင်းထန်ဆုံး ပြည်တွင်း စစ်ကို အရပ်သားပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ ထန်လတန်မြို့ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်ပစ်ခတ်ခြင်းကြောင့် ခရစ်ယာန် ဘာသာ ဘုရားကျောင်းများ၊ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ကို ဝမ်းနည်းစွာ မြင်တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ရန်ကုန်တိုင်း စစ်ဒေသကွပ်ရေး‌အဖွဲ့က ” ပျံလွှားအောင် ” စစ်ဆင်ရေးဖြင့် ပစ်ခတ်မှု ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ်လုပ်ခဲ့

    ရန်ကုန်တိုင်း စစ်ဒေသကွပ်ရေး‌အဖွဲ့က ” ပျံလွှားအောင် ” စစ်ဆင်ရေးဖြင့် ပစ်ခတ်မှု ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ်လုပ်ခဲ့

    RNA- အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ” ပျံလွှားအောင်” စစ်ဆင်ရေးဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ ရန်ကုန်တိုင်းအတွင်း စစ်ရေးပစ်မှတ်များကို ပြည်သူ့ ခုခံတော်လှန်စစ် စတင်ချိန်မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ၉၉ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    Red News Agency

  • လက်နက်နှင့် ခလရ ၂၂၆ က တပ်ကြပ်ကြီး ပြည်သူ့ရင်ခွင်ခုံလှုံသည့်အတွက် ဆုငွေ ကျပ် သိန်း၅၀ ရရှိရာ ၁၅ သိန်းပြန်လှူ

    လက်နက်နှင့် ခလရ ၂၂၆ က တပ်ကြပ်ကြီး ပြည်သူ့ရင်ခွင်ခုံလှုံသည့်အတွက် ဆုငွေ ကျပ် သိန်း၅၀ ရရှိရာ ၁၅ သိန်းပြန်လှူ

    RNA- အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆) တမူးရှေ့တန်းစခန်းက တပ်ကြပ်ကြီးစာရေး ခေါဂေလိန်းက M3 ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၀၀၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ တမူး ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁) သို့ ပြည်သူ့ရင်ခွင်ခုံလှုံခဲ့သည့်အတွက် ကျပ်သိန်း ၅၀ ဆုချရာ တပ်ကြပ်ကြီးက ၁၅ သိန်း ပြန်လှူခဲ့ကြောင်း ပြည်သူများကို အသိပေးထားသည်။

    တပ်ကြပ်ကြီးစာရေးတာဝန်ထမ်းဆောင်သူ တ-၅၃၉၇၀၂ ခေါဂေလိန်းသည် စက်တင်ဘာ ၂၃ ရက်နေ့က ပြည်သူ့ရင်ခွင် ခုံလှုံခဲ့ခြင်းဖြစ်ကြောင်း၊ သွားလိုသည့် လွတ်မြောက်နယ်မြေသို့ လုံခြုံဘေးကင်းစွာ ရောက်ရှိရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) က တာဝန်ယူမှုအပြည့်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

    အာဏာသိမ်း စစ်ကောင်စီတပ်တွင် ပြည်သူ့ အသက် အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်မှုမပေးသည့်အပြင် ပြည်သူနှင့် ဆန့်ကျင်ဘက် လုပ်နေရသည့်အတွက် စစ်ကောင်စီလပ်အောက်ကနေ ပြည်သူ့ရင်ခွင် ခုံလှုံသူ အများအပြားရှိနေကြောင်း၊ တိုင်းနှင့် ပြည်နယ် တချို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်များကို PDF များနှင့် ပူးပေါင်း တိုက်ခိုက်ရာတွင် ပါဝင်နေကြကြောင်း သိရသည်။

    Red News Agency

  • ထန်တလန်မှာ နေအိမ် ၃၀၀ ခန့် နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်မှုအတွက် တရားစီရင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဌာန ထုတ်ပြန်

    ထန်တလန်မှာ နေအိမ် ၃၀၀ ခန့် နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်မှုအတွက် တရားစီရင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဌာန ထုတ်ပြန်

    RNA- အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ လုပ်ရပ်ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့က လူနေအိမ် ၃၀၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံးများ မီးလောင်ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး NUG အစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် တရားစီရင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ” ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အပြည့်အဝ တာဝန်မှုရှိစေရေး၊ တရားဥပ‌ဒေအောက် အရောက်ခေါ်ယူ၍ ပြည်သူ့တရားစီရင်နိုင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ချိတ်တွဲလျက် ဖက်ဆစ်စစ်တပ်အပေါ် အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်” ဟု ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

    အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ် တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ချင်းပြည်နယ်ရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ငွေကြေးဥစ္စာပစ္စည်းများ ခိုးယူခြင်း နှင့် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခြင်းများ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို တရားလက်လွန် အကြမ်းဖက်မှု ကျူးလွန်လုပ်ဆောင်နေကြောင်း သိရသည်။

    အကြမ်းဖက် အာဏာသိမ်း စစ်တပ်သည် ချင်းပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည်တို့တွင် လေကြောင်း စစ်ဆင်ရေးများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များကို ပစ်ခတ်မှုများ၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ စစ်ဆင်ရေးများတွင် အရပ်သားပြည်သူများအား လူသားဒိုင်းအသုံးပြု နေမှုများ၊ လူမျိုးနွယ်စုများကို ရည်ရွယ် ချက်ရှိရှိ ပျက်သုဉ်းအောင်တိုက်ခိုက်နေမှုများ စသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပါဝင်သူများ၏ အသက်အန္တရာယ်ကို တာဝန်မယူဟု ပုလော PDF ထုတ်ပြန်

    အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပါဝင်သူများ၏ အသက်အန္တရာယ်ကို တာဝန်မယူဟု ပုလော PDF ထုတ်ပြန်

    RNA – အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။

    ပုလော မြို့နယ်အတွင် စစ်ကောင်စီယာဉ်တန်းများကို အချိန်မရွေးဖြိုခွင်းသည့် ပစ်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း၊ စစ်ကောင်စီအားပေးထောက်ခံသူများ၊ ထောက်ခံပွဲတွင် ပါဝင်သူများ၏ အသက်အန္တရာယ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

    Photo: PDF Palaw

    အာဏာသိမ်း စစ်ကောင်စီအဖွဲ့က နိုင်ငံတကာကို ပြည်သူများထောက်ခံမှုရှိသည်ဟု လိမ်လည်ပြချင်သည့် အတွက် ပျူစောထီး၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်၊ ဘာသာ‌ ရေး အစွန်းရောက်နှင့် စစ်တပ်မိသားစုတချို့က ယခုရက်ပိုင်း ထောက်ခံပွဲအမည်တပ်ကာ နေ့စားခယူပြီး လမ်းပေါ်ထွက်နေကြောင်း သိရသည်။

    ပုလော PDF အပါအဝင်၊ တနိုင်ငံလုံးက PDF နှင့် စစ်အာဏာရှင်စနစ်မလိုလားသည့် ခုခံစစ်ဆင်နွှဲသူများက အာဏာသိမ်း စစ်ကောင်စီထောက်ခံမှုမပြုလုပ်ကြရန်၊ စစ်ကောင်စီယန္တရား အထောက်အကူမပြုကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။

    Red News Agency

  • တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

    တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

    RNA-အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက တပတ်အတွင်း ခုခံစစ်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးထိခိုက်ဒဏ်ရာရရခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    အောင်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ခုခံတွန်းလှန်စစ် ၂၅ ကြိမ်ဖြစ်ပွားကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ် (၅၀) ရှိကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ (၃၀)ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တစ်ပတ်တာကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာပေါင်း(၄၀)ထံမှရယူကာ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency