သတင်းစာဆရာ ဦးတင်ရွှေ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရ

RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးပို့စ် သတင်းဌာနမှ သတင်းစာဆရာ ဦးတင်ရွှေ (မင်းဘူး) ကို အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ တရားရုံးက ၅၀၅ (ဂ) ဖြင့် ‌ယနေ့ နေ့လည်ပိုင်းက ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မင်းဘူးတရားရုံးက သတင် းစာဆရာ ဦးတင်ရွှေ (မင်းဘူး) ကို တိုင်းရင်း သား လူမျိုးစုနှင့် ကိုးကွယ်ရာ ဘာသာမတူသူများအကြား ပြစ်မှုကျူးလွန်အောင် ကြံစည်လှုံ့ဆော်မှုများ ရှိခဲ့သည်ဟုဆိုကာ ၅၀၅ (ဂ) ဖြင့် တရားစွဲဆို ထောင်ချခဲ့ကြောင်း သိရသည်။

” မင်းဘူးကကောင်တွေကော မကွေးက ကောင်တွေကော ရဲတွေက အငြိုးအတေးနဲ့လုပ်တာပါ၊ မင်းဘူးမှာ ဆန္ဒပြပွဲတွေ သတင်းလိုက်တုန်းက ဦးတင်ရွှေက ဖမ်းခံရတဲ့သူတွေ သတင်းရေးခဲ့တာ်၊ ပြီးတော့ ဖမ်းခံရတဲ့သူတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့လူတွေနဲ့ စခန်းထဲထိလိုက်သွားတာ၊ ရဲတွေက လူသောင်းဂဏန်းလောက် ပြတာလို့ပြောတဲ့အချိန်မှာ ဦးတင်ရွှေက သိန်းကျော်တယ်ဆိုတာမျိုး ပြောပြစ်တာ၊ အဓိကတော့ ရဲတွေက အငြိုးအတေးနဲ့ လုပ်တာ” ဟု မကွေးတိုင်းအခြေစိုက် သတင်းထောက်တဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအခြေ စိုက် သတင်းဌာနများ ရပ်နားခဲ့ရပြီး သတင်းထောက်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ သတင်းစာ ဆရာ ဦးတင်ရွှေ (မင်းဘူး) ကို အာဏာသိမ်း စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က မင်းဘူးမြို့ နေအိမ်ကို လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

Red News Agency

By Editor