စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

ထိုင်း-ကရင်နီပြည် ( ကယား) နယ်စပ် နန်းပန်ချောင်း အနီးရှိ စစ်ကောင်စီတပ်‌ စခန်းတခုကို ယနေ့ နံနက်က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

” ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်း အနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင် စခန်းကို ကရင်နီတပ်မတော် မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး..စခ ဘ​က်မှ အသေအပျောက်များခဲ့ပါသည်..ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး..စခန်းသိမ်းပွဲအပြီး နာရိီဝက်အလွန်မှာ..စခ မှ ရဟတ်ယာဥ်ဖြင့် စစ်ကူ လာရောက်ပစ်ခတ်ဗုံးကျဲခဲ့သည့်အပြင်…ဆက်လက်ပြီး ကရင်နီတပ်မတော် ဌာနချုပ် ညာမူတပ်စခန်းကို ထို ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကျဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကျဲခဲ့ပါသည်” ဟု Karenni Army Center က ထုတ်ပြန်ထားသည်။

 

သိမ်းပိုက်ရရှိထားသော နတ်တောင်စခန်းကို ကရင်နီ တပ်မတော်မှ ပြန်လည် လက်လွတ်‌တော့မည် မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်သား အရှင် ၄ ယောက် ဖမ်းဆီးရမိကြောင်း သိရသည်။

ဓာတ်ပုံ:  ယနေ့တိုက်ပွဲပုံများ ထုတ်ပြန်မှု မရှိသေးသည့်အတွက် ကရင်နီတပ်မတော်သားများ စစ်ရေးလေ့ကျင့်စဉ်က ပုံများသုံးထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *