RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်များမှ ပြည်သူများသည် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်အကြတ်နေ့ ယနေ့ နံနက်ပိုင်းတွင် ရေကစား ပျော်ပါးသူနည်းပါးပြီး တိတ်ဆိတ်နေကြောင်း တွေ့ရှိရသည်။

သင်္ကြန်အကြတ်နေ့ ရောက်ပြီဖြစ်သော်လည်း ရန်ကုန်ရှိ မြို့နယ်ရပ်ကွက်များထဲတွင် ရေကစားသူနည်းပါးပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြကြောင်း မြို့ခံများက ပြောသည်။
ရပ်ကွက်လမ်းတစ်ချို့တွင် ကလေးငယ်များ ရေပက်ကစားနေခြင်းများ ရှိနေသော်လည်း မဏ္ဍပ်ရေကစားသူမဲ့ ဖြစ်နေသော အခြေအနေ ဖြစ်နေ၍ စစ်ကောင်စီ လက်ထက် သင်္ကြန်ကာလသည် ရေကစားသူ ပျော်ရွှင်သူနည်းပါးနေပြီး သင်္ကြန်အရိပ်အငွေ့ အနှစ်သာရပျောက်ဆုံးသွားပြီဟု မြောက်ဒဂုံနေထိုင်သူတစ်ဦက မှတ်ချက်ပြုသည်။


စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မဖြစ်နေသွားရသူများသာ ရှိကြောင်း၊ စစ်ကောင်စီ ပြုလုပ်သည့် သင်္ကြန်ပွဲတော်တွင်ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း၊ တော်လှန်ရေးအင်အားစုများ၏ တိုက်တွန်းမှုနှင့်အတူ ပြည်သူများသည် တော်လှန်ရေးအပေါ်တွင်သာ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

#RedNewsAgency