ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။

မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။

” စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက် ပွဲလူထုအားဖြင့် တိုက်ဖျက်ကြ၊ အာဏာရှင်မှန်သမျှ အမြစ်ဖြတ်ချေမှုန်ကြ၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ မီးရှို့စစ်တပ် အမြစ်ဖျက်၊ လူထုတော်လှန်ရေး အရှိန်မြှင့်ကြ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး” စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

#RedNewsAgency

By Editor