ပေါက်/မြိုင် ရေနံမှော်အတွင်းရှိ KTV များပိတ်သိမ်းရန် ပခုက္ကူခရိုင်စစ်ဌာန ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်/မြိုင် မြို့နယ်အတွင်း ရေနံမှော်နယ်မြေ၌ KTV ဆိုင်ခန်းများ တော်လှန်ရေးကာလအတွင်း တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာခဲ့သည့်အတွက် ယခု ပိတ်သိမ်းကြရန် ပခုက္ကူခရိုင်စစ်ဌာနက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) ထုတ်ပြန်လိုက်သည်။

ရေနံမှော်များအတွင်းရှိ KTV ဆိုင်ခန်းများတွင် အရပ်သားပြည်သူများသာမက တော်လှန်ရေးသမား များသည်လည်း KTV အခန်းများအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ ပျော်ပါးမြူးထူးနေသည့် အပြင် သုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် သယ်ဆောင်ခြင်းများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့အကျိုး၊ တော်လှန်ရေးအကျိုးကို မဆောင်သော အဆိုပါလုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်၍ အပြီးတိုင်ပိတ်သိမ်းရန်၊ KTV ဆိုင်များ ပိတ်သိမ်းရန် ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor