ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော

RNA_စက်တင်ဘာ(၉)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အခြေစိုက်၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကပြောကြားထားသည်။

BNRA သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့ စက်တင်ဘာ (၉) သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် KNU ကသဝဏ်လွှာပေးပို့ရာတွင် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားထားဖြစ်သည်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် (၂) နှစ်တာကာလအတွင်း ရန်သူ၏ ချေမှုန်းမှုသာမက မိတ်ဖက်ပဋိပက္ခအသွင်ဖြင့်တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေး ဖိအားနှင့်တွန်းတိုက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ လူထုနှင့်အတူ အစပြုခဲ့သော လူထုတော်လှန်ရေးရပ်ဝန်းမှ BNRA အား ပျောက်ကွယ်သွားစေနိုင်လောက်သည့် တော်လှန်ရေးလောကဓံကို BNRA ၏ တပ်မှူး၊ တပ်သားများအနေဖြင့် “တိုင်းပြည်နှင့်လူထုအကျိုးမှတပါး အခြားမရှိ” ဟူသော ခံယူချက်ကိုမဏ္ဍိုင်ပြုကာ အားတင်းဖြတ်ကျော်နိုင်ခဲ့သည်ဟုလည်း BNRA ကထုတ်ပြန်ထားသည်။

 

#RedNewsAgency #RNA #REDNEWS #BNRA #KNU #Myanmar

By RNA Editor