RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။
စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2) နှင့် ဆရာမ (၂) တို့ ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရသည်။
#RedNewsAgency #RedNews #RNA