ပသုံးလုံး ပြုပြင်ပြောင်းလဲဲရေး အလုပ်ဖြစ်ရုံမျှထက် ပိုသင့်ဟု ယာယီသမ္မတပြော

RNA_ဇန်နဝါရီလ(၁၅၊၂၀၂၅ ခုနှစ်။

ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့နေသော ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပသုံးလုံး) များအနေဖြင့် စွမ်းရည်နှင့် ကျင့်ဝတ်သည် အထူးအရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေးသည် အလုပ်ဖြစ်ရုံမျှထက် ပိုသင့်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားထားသည်။


“ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ် ” ဟု ဇန်နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်သော NUG အစည်းအဝေး ၂/၂၀၂၅အဖွင့်မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားထားသည်။

၂၀၂၅ ခုနှစ်သည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ပြောကြားထားသည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနတွင်လည်း အပြောင်းအလဲ ကြီးကြီးမားမားမရှိသော်လည်း အပြောင်းအလဲတချို့ရှိကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor