ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၂၀) ဦးဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၇၀) ခန့်သေဆုံးပြီး (၂၇၅) ဦးပျောက်ဆုံးကာ အလင်းဝင််််််ခဲ့သူ (၄၈) ရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦးနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ၊ မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအတွင်းမှဘိန်းမဲအထုပ် (၁၈) ထုပ် (ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ(အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများအပြင်၊ ကျောက်စိမ်းတုံး (လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ စသည်တို့ကို သိမ်းဆည်းရမိသည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ/PDO) ကထုတ်ပြန်ထားသည်။

 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယခင်အခြေချနေသော ရန်သူ့အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် ထပ်မံအင်အား ပို့ချမှုများကြောင့် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းမှ NUG/MOD တပ်ရင်းတပ်ဖွဲ့များစသည်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် အောက်တိုဘာ (၈) ရက်နေ့က မြို့ကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#RedNewsAgency #RNA

By RNA Editor