မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။
Red News Agency
By Editor