“၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။

ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA)၊ တအောင်း (PSLF / TNLA)၊ ရက္ခိုင် (ULA/ AA) တို့ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး “တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်းအမှတ် (၆၀၆) ရဲဘော်များ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

[embedyt] https://www.youtube.com/watch?v=I4LOMNm3Nx8[/embedyt]

ညီနောင် မဟာမိတ် (၃)ဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အား KNDF အနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor