နွေဦးတော်လှန်ရေး

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။ နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။ ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် "အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)၊ "အဖြူရောင် လှုပ်ရှားမှု" (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။ (more…)
Read More
နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

RNA_ဇန်နဝါရီ(၃၁)၊၂၀၂၄ ခုနှစ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ချက်ကို NUG မှ ယနေ့ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်ဟု သိရသည်။ နိုင်ငံရေး ဦးတည်ချက် (၆) ရပ်မှာ ၁။ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။ ၂။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။ (၄)။ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့်…
Read More
ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။   လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။ #RedNewsAgency
Read More
ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။   "KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်" ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။ (more…)
Read More
ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်အတွင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွေးရာပါအခွင့်အရေးများအတွက် စစ်ကောင်စီအပါအဝင် အာဏာရှင်မှန်သမျှ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CNO/CNDF အရာရှိတဦးက ပြောကြားထားသည်။ “ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ကျဆုံးဖို့အတွက် ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အဖွဲအစည်းတစ်ခုအတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အာဏာသိမ်းသွားတဲ့ စစ်ကောင်စီအပါအဝင် ထွက်လာနိုင်တဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ့်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ရှေ့တန်းသွားမည့် CNDF ရဲဘော်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောထားသည်။ Red News Agency
Read More
ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး သဘောတူညီမှုများရရှိထားသည့်အတွက် မကြာမီ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ “ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိသူများ နှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်ပါသည်။ သို့ဖြင့်၍ မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီ စိုက်ပျိုးသောဖရဲခင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာ

စစ်ကောင်စီ စိုက်ပျိုးသောဖရဲခင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာ

"ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအ‌ခြေအနေသို့ ရောက်ရှိရသည်" ****************************** မီးသွေး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ရှိအခြေအနေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်မှ ကျဆင်းပြီး ဖယိုဖရဲ အခြေအနေနှင့်ကြုံတွေ့နေရသည်။ စစ်ကောင်စီ၏ နိုင်ငံရေး သွေးခွဲနည်းဗျူဟာဖြစ်သော လူမျိုးရေးသွေးခွဲခြင်းနှင့် ဘာသာရေးမှိုင်းတိုက်ခြင်း တို့ကိုပါ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ ဗမာစစ်တပ်၏ နိုင်ငံရေးရင့်ကျက်မှု (Political Maturation) သည် ယနေ့အချိန်မှာ အသုံးမဝင်တော့သည်ကို တွေ့ရှိရသည်။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စတင်လိုက်သည့် ပြည်တွင်းစစ်ကြီးဟာလည်းအရှိန်အမြင့်ဆုံး ရောက်ရှိနေပြီးတော့ နိုင်ငံအနှံ့အပြားရှိတိုက်ပွဲများတွင် ကြည်း၊ရေ၊လေ အကုန်အသုံးပြု စစ်ဆင်ရေးများပြုသော်လည်း အဘက်ဘက်တွင် အထိနာကာ ကျရှုံးလျက်ရှိသည်။ စစ်ကောင်စီသည် ခေတ်အဆက်ဆက်…
Read More
စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

"ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်" *********************** သူရိန် ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။ ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ…
Read More
ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။ "မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ"ဟု ကျေးရွာသားတစ်ဦးက ပြောသည်။ ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊…
Read More
တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်

တပ်တွင်းအကြောင်း ပြုံးပြုံးကြီးဖြေကြားသွားသည့် ဒုတိယဗိုလ်မှူးကြီးသက်အောင်

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၄ခုနှစ်။   တပ်ဖွဲ့စုစည်းမှု၊ တပ်တွင်းစားဝတ်နေရေး အဆင်မပြေမှုများနှင့်အတူ စစ်ကောင်စီတပ်၏တပ်တွင်းအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်က မန္တလေး PDF ရဲဘော်၏ မေးမြန်းမှုများကို ပြုံးပြုံးကြီး ဖြေကြားသွားသည်။ ဒုတိယဗိုလ်မှူးကြီးသက်အောင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၇) နာရီ (၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းသိမ်းပိုက်ခံရချိန် အရှင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တပ်တွင်းအကြောင်းများအပါအဝင် အကြောင်းအရာများကို ဒုတိယဗိုလ်မှူးကြီးသက်အောင်အား မေးမြန်းပြီး အများပြည်သူသိရှိအောင် ယနေ့ ထုတ်ပြန်ထားသည်။   #RedNewsAgency
Read More