Tag: နွေဦးတော်လှန်ရေး

  • လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

    လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

    RNA_မေ(၃)၊၂၀၂၄ခုနှစ်။

    စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သည့်အတွက်တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်ဟု SSPP Info မှ ယနေ့ ထုတ်ပြန်ထားသည်။

    “တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

    (more…)

  • တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    “မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်”

    ကေဂျီ

    အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက ကြီး၊ ငယ်၊ လတ် အသက်အပိုင်းအခြား မရွေးသော ပြည်သူလူထူဟာ ဘယ်ရောက်လို့ ဘာဖြစ်မယ်တောင် ကြိုမသိနိုင်တဲ့ အနေအထားမျိုးကနေ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်အဖွဲ့တွေဆီကို ဆင်ကန်းတောတိုး အ‌ ရောက်သွား ပြီး စစ်သင်တန်း တက်ကြရပါတယ်။

    ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဘူးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ ပင်ပန်းမှုတွေကို ကြုံတွေ့ကြရပေမယ့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြရင်း သင်တန်းကာလကို အားပေးဖြတ်ကျော်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ သမျှကိုလည်း နိုင်ငံနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ် တောက်ပကောင်းစားစေရေးအတွက် စစ်အာဏာရှင်စနစ်ကို ငါတို့ ခေါတ်မှာ အမြစ်ပြတ်တွန်းလှန်နိုင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နေတတ်စားတတ်လာအောင် ကြိုးစားနေထိုင်ရင်း စစ်ပညာကို တတ်မြောက်အောင် သင်ယူခဲ့ကြ ရပါတယ်။

    (more…)

  • ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

    ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

    “ခေါင်းပေါင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး တင်ကိုဆိုရင် တတက- ၁၃ က ဌာနမှူးဖြစ်ပြီး၊ အောက်ခြေက လိုက်ပါလုပ်ဆောင်နေသူတွေက ထောက်ပို့ဘတ်၊ GE ဘတ် တံဆိပ်နဲ့ ဒီလူတွေပဲတွေ့ရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အတွင်းထဲက နောက်ဆုံးအခြေအနေပဲ ဖြစ်တယ်။ ဒါက မန္တလေးတိုင်းအတွင်းကို သင်တန်းတက်ဖို့လာရောက်တဲ့ တပ်ပေါင်းစုံက စစ်သားတွေကို ကြုံသလိုစုပြီး ခံစစ်ပြင်ထားတာဖြစ်တယ်”

    မောင်ဝိ – Wiper

    စစ်ပုံကျနစွာ ယူနီဖောင်းအပြည့်အစုံနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေကြပါတယ်။ သူတို့က တခြားသူတွေမဟုတ်၊ မြန်မာပြည်အလယ်ပိုင်းမှာ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အားမာန်အပြည့်နဲ့ တိုက်ခိုက်နေတဲ့ မန္တလေး PDF ပါ။

    “ဟေ့ကောင်တွေ..နာရီဝက်အတွင်းလက်နက်ချပါ၊ မင်းတို့မှာ မိသားစုတွေရှိတယ်…”လို့ တိုက်ပွဲအတွင်းမှာကို ရန်သူ့ မိသားစုတွေ ဘဝတွေ၊ အသက်တွေအတွက် အခွင့်အရေးတွေ သူတို့ပေးနေတုန်းပါပဲ…။ အပြီးသတ်ချေမှုန်းမယ်ဆိုရင် ချေမှုန်းလို့ရပါတယ်။ မလုပ်ခဲ့ကြဘူး ရန်သူကရန်သူ၊ လူသားဆန်မှုက လူသားဆန်မှုပဲလေ။

    ဒဏ်ရာရလာတဲ့ စစ်သားတယောက်ကို တွဲကူရင်းထပ်ပြောတယ် “အကိုဒဏ်ရာရရင် ကျွန်တော်တို့ကုပေးမှာ အကိုတို့ကို ဘာမှမလုပ်ဘူး…” တဲ့။ ဒါကိုမြင်တော့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း လမ်းမပေါ်မှာ လက်နက်မဲ့ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို ကားနဲ့ အသေတိုက် သတ်တာကို သတိရမိတယ်။ PDF တွေသာ ဒဏ်ရာရ စစ်သားနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့စစ်သားတွေ လုပ်နေကြ အလုပ်တွေဖြစ်တဲ့ အသက်ကိုခြိမ်းခြောက်မယ်၊ မကြောက်တတ်ဘူး ထင်ရင် မိဘ၊သားသမီး ဒီလိုမျိုး မိသားစုဘဝတွေရဲ့ အညှာကိုကိုင် ရက်ရက်စက်စက် ပြုမူတာတွေပဲ မြင်ကြမှာပဲလေ။

    (more…)

  • ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဟု ချင်းညီနောင်အဖွဲ့ပြော

    ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဟု ချင်းညီနောင်အဖွဲ့ပြော

    RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

    PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇိုမိုးဖက်ဒရယ်အစည်းအရုံး၊ ချင်းအများသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( မတူပီ) စသည့် ချင်းညီနောင်စစ်ဆင်ရေးမှ သိမ်းပိုက်ရရှိထာသည့် ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ချင်းညီနောင်များထံမှ သိရသည်။

    Photo : Mahuyar_Battalion_CDF_Kanpetlet

    ကျင်ဒွေးမြို့စစ်ကောင်စီစခန်းအား ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၄ လကျော်ကြာမြင့်ခဲ့သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့နှင့်ပြည်သူများ၊ စစ်သည်တော်များအားလုံးကို ချင်းညီနောင်အနေဖြင့် ဂုဏ်ယူကြောင်းနှင့် မြို့သိမ်းတိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်တော်များကိုလည်း လေးလေးနက်နက်လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။

    (more…)

  • မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

    မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

    RNA_ဧပြီ(၃၀)၊၂၀၂၄ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=n17q1Ni86-0[/embedyt]
    အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ (၅) မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင် ၊ ကပစလက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

     

    Red News Agency

  • နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

    နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

    “မရှုံးခံနိုင်ရိုးလား ခေတ်အဆက်ဆက် အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကျားလွယ်၊ မဖြစ်မနေဝတ်ခိုင်းတဲ့ ကျည်ကာအင်းင်္ကျီအလေးကြီးရယ်၊ ကျည်တတောင့်ပစ်ရင် တခါ missfire ဖြစ်တဲ့ MA သေနတ်ကြီးရယ်၊ ဗုံးသီးတွေနဲ့ တစ်တောဝင် တစ်တောင်ထွက် ငတ်ပြတ်နေတဲ့ အခြေအနေမှာ တောင်ပေါ်ကနေ ခဲနဲ့ထုရင် လဲကျမယ့် အခြေအနေဖြစ်တယ်။ အသက်တွေက ၅၀ ကျော်အရွယ်တွေ၊ ခေါင်းမှာလည်း ဆံပင်တွေ ဖြူနေပြီ၊ လက်မောင်းက အရစ်လေးတွေက ပြဲစုတ်နေတာတောင်၊ ကိုယ့်သားအရွယ် စစ်ဗိုလ်တွေ လက်ညှိုးညွှန်ရာ သွားရတဲ့ ဘဝ…”

    မောင်ဝိ

    စစ်ကောင်စီတပ်ထဲမှာနေတဲ့အချိန်က စစ်ဝတ်ရိက္ခာနဲ့ပတ်သတ်ရင် (၁၀၂၅) ဆိုတဲ့ စာရင်းနဲ့ စစ်ယူနီဖောင်း (PC)၊ စစ်ဆောင်၊ စစ်ခြင်ထောင် အပါအဝင် စစ်ဖိနပ် (No-1)၊ တောစီး စသဖြင့် နှစ်စဥ်ထုတ်ပေးတာရှိတယ်။ နှစ်တိုင်းရတဲ့ စစ်ဝတ်ပစ္စည်းတွေထဲက စစ်ဖိနပ်တွေကို ဘာလုပ်ကြသလဲဆိုတော့ ပုံမှန်ဆိုရင် ရောင်းစားကြတယ်။ ရောင်းတယ်ဆိုတာကလည်း ဖြတ်တာတောက်တာနဲ့ စစ်သားလစာလေးက မိသားစုသုံးဖို့ လုံလောက်မှုမှ မရှိတာကို။ ဒါနဲ့ပဲ စီးနေကြ အဟောင်းလေးနဲ့ပဲ စစ်သားအများစုက နှစ်ပါးသွားကြတာပေါ့။

    စစ်ဖိနပ်မှာလည်း ပုံစံမျိုးစုံရှိကြတယ်။ ကြိုးထိုးစရာမလို၊ ဖိနပ်ကို (kiwi) ဖိနပ်ဆေးနဲ့တိုက်စရာမလိုပဲ ပြောင်လက်နေတဲ့ ဈေးကြီး ဖိနပ်တွေလည်း ရှိကြတယ်။ ဒါကိုတော့ အထက်လူကြီးဆိုသူတွေ အစီးများကြတယ်။ နောက်တမျိုးက (issue) လို့ခေါ်တဲ့ စစ်တပ်က ထုတ်ပေးတဲ့ ဖိနပ်ပဲ ဖြစ်တယ်။ ဒါတွေကိုတော့ အခြားအဆင့်စစ်သားတွေအပါအဝင် အရာရှိငယ်တွေ အဓိက စီးကြရပါတယ်။ ဒါက စစ်တပ်ကဖိနပ် အကြောင်း သတိရမိတာလေးပါ။

    မနက်တန်းစီချိန်ဆိုရင် တပ်ရင်းတခုမှာ အကြီးဆုံးဖြစ်တဲ့ တပ်ရင်းမှူးက သူအနေနဲ့ကြိုက်တာစီးခွင့်ရှိပေမယ့်၊ အောက်ခြေကရဲဘော်တွေ ဈေးကြီးဖိနပ်ဝယ်စီးတာမျိုး၊ အမေရိကန်အီကွေးမန့် ဝတ်လာတာမျိုးဆိုရင် တန်းစီကွင်းမှာအထိုးခံရပြီပဲ။ ဒါက စစ်တပ်တခုမှာ စစ်ဖိနပ်လို့ပဲခေါ်ခေါ် ဟန်းကောလို့ပဲခေါ်ခေါ် သူတို့အချင်းချင်း အုပ်ချုပ်တဲ့ပုံစံပဲ။ အဲ့ဒီကနေ လစဥ်ထုတ်ပေးတဲ့ အာမီရမ်တောင်မှ အခြားအဆင့်အတွက် အာမီရမ်အရက်အတုပေါ်လာပြီး၊ ဗိုလ်ချုပ်တွေအတွက် နှစ်ချို့ အာမီရမ် အရက်တွေဆိုပြီး သီးသန့်ရှိသေးတယ်။

    (more…)

  • သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

    သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

    “တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ”

    ရန်နိုင်

    နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။

    တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကို‌ဇေယျာသော်ကို ကွပ်မျက်လိုက်တယ်။ ဒါပေမယ့်လည်း စစ်ကောင်စီမျှော်လင့်သလို မြို့ပြပြောက်ကျားအဖွဲ့က ရပ်တန့်မသွားပဲ ပိုတိုးပြီးအားကောင်းနေဆဲ။ တစ်ဦးတစ်ယောက် ဦးဆောင်မှုနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေခြင်းမဟုတ်တာကြောင့် တော်လှန်ရေးက ဆက်လက် အားကောင်းနေမှာပဲဖြစ်တယ်။

    သပိတ်အင်အားစုတွေကိုလည်း စစ်တပ်က စစ်ရာဇဝတ်မှုဆန်ဆန် အကြမ်းဖက်သတ်ဖြတ်နေပေမယ့် ခုချိန်ထိ ရပ်တန့်မသွားသည်က အားလုံးမှာဦးဆောင်နိုင်စွမ်းရှိတဲ့ သက်သေတွေပဲဖြစ်တယ်။ အကြမ်းဖက် စစ်တပ်က ဘယ်လိုပဲနှိမ်နင်းပါစေ ဦးဆောင်သူအသစ်အသစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အားကောင်းနေဆဲပဲဖြစ်တယ်။

    တော်လှန်ရေးအစကတည်းက မြေပြင်တိုက်ပွဲတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် အချို့ကျဆုံးခဲ့ပေမယ့် တိုက်ပွဲတွေက ရပ်တန့်ဖို့အချိန်ပင်မရှိခဲ့ပေ။ ကရင်ပြည်နယ်မှာလည်း ကျဆုံးခေါင်းဆောင်တွေ ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေကအောင်မြင်မှုတွေနဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်လာဆဲဖြစ်တယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေသာ တခုပြီးတခု ဆုံးရှုံးနေသပြီး အလံဖြူလက်နက်ထောင်သူတွေနဲ့ ဖရိုဖရဲဖြစ်လာနေတယ်။

    (more…)

  • “ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

    “ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

    “အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်”

    Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။ 

    လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။

    ၂၇..၂၀၂၂ အဲ့နေ့က Mission တစ်ခုကဖို့ စီစဥ်ထားရာကနေ အဖွဲ့ကညီကိုတစ်ယောက်ရဲ့အသိ နေခန့်နိုင် (ခေါ်) မာဖလာ မျက်မှန်ဝတ် ငရုတ်သီးထောင်းနေတဲ့ကောင်လေး သတင်းပေးမှုကြောင့် အတွင်းစည်းပေါက်ပြီး ကြိုစောင့်ဖမ်းခံခဲ့ရတယ်ပေါ့ဗျာ။ အဲ့ကနေ Under Control ဖြစ်ပြီး ဆက်စပ်ရာကနေ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းကိုဝင်စီးခံရဖို့ ဖြစ်လာခဲ့တယ်။ အဲ့နေ့က အဖွဲ့ကညီကိုတစ်ချို့အဆက်သွယ်မရလို့ စိတ်ပူ အိမ်မှာစောင့်နေရင်း တစ်ချို့သတင်းတွေကြောင့် လူစုခွဲရင်း ပစ္စည်းခွေးစာ အထုပ်ကြီးမရွေ့နေရင်း ကိုက် ၅၀ အကွာကနေ အမေနဲ့ကိုင်ဆဲခံရတဲ့ အသံတွေနဲ့ အတူတူ အင်အားအလုံးအရင်း ပစ်ခတ်ဖမ်းဆီးရာကနေ အထုတ်တွေချ ဖိနပ်ပါချွတ်ပြီးငယ်သံပါအောင် ကိုနိုင်ရယ်နဲ့ကျနော် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအလတ်ချောင်းကျေးရွာထဲမှာ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရတယ်။ 

    တစ်ကယ့်ကို ကိုက်၅၀ အကွာကနေ လိုက်ပစ်ခတ်ဖမ်းရင်း ကျနော်ရယ် ကိုနိုင်ရယ် လယ်ကွင်းလမ်းကြိုလမ်းကြားထဲ လူစုကွဲသွားခဲ့ရတယ်။ ကိုနိုင်ကတော့ လမ်းတစ်ဖက်တစ်ချက် လယ်ကွင်းတွေဆီပြေးရင်းလွှားရင်း အခက်ခဲပေါင်းစုံနဲ့ နောက်ဆုံး ရန်ကုန်တစ်ဖက်ကမ်းကို အရင်ရောက်ခဲ့ရတယ်။ ကျနော်ကတော့ S I G သေနတ်အတိုတစ်လက်နဲ့အတူတူ အိမ်ကြားတွေ လမ်းကြားတွေကို ပြေးနေမိတယ်။

    (more…)

  • ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

    ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

    RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။ 

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။ 

    စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် () စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။

    (more…)

  • မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ကာ သောက်စားမူးယစ်ကာ ရမ်းကားနေသည့်အတွက် စာမေးပွဲဖြေနေသည့် ကလေးများ စာမေးပွဲဖြေမရအောင်ထိ အနှောက်အယှက်ပေးနေသည့်အတွက် ကျေးရွာ တာဝန်ခံ ပအဖ၊ ပကဖ များညှိနှိုင်းနေစဉ်အတွင်း ပလဖ အဖွဲ့ဝင်များက လက်နက်အင်အား လူအင်အားဖြင့် ပကဖ အဖွဲ့ဝင်များကိုပါ ရိုက်နှက်ကြောင်း၊ သွေးလန့်ကာ ကိုယ်ဝန် (၄) လရှိ စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမ တဦး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို NUG ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဌာနအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း တိုင်ကြားစာပို့ထားကြောင်း သိရသည်။
    (more…)