Tag: နွေဦးတော်လှန်ရေး

  • စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=7NPTEkRmfFY[/embedyt]
    စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။
     
    #RedNewsAgency
    https://t.me/rednewsagency/5727

  • မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    “တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်”

    ချမ်းမင်း

    စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။

    ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိတာကြောင့် လူထုတစ်ရပ်လုံးဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီမိုကရေစီကို ပြန်တောင်းယူခဲ့ပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတကာကလည်း အာရုံစိုက်လာနိုင်အောင်၊ အကြမ်းမဖက်ဘဲ လိုချင်တဲ့ဒီမိုကရေစီကိုလည်းပြန်လည်ရရှိအောင်အတွက် ဆန်းသစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့ထိုက်တန်ကြောင်း ပြသခဲ့ကြပါတယ်။

    မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ တိုက်တန်ကြပါတယ်လို့ အားလုံးက လက်ခံထားသော်လည်း အစကတည်းက နိုင်ငံတော်အာဏာကို လိုချင်လို့ကို တမင်သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်ဖြိုခွင်းလာပြီး ကျည်စစ်ကျည်တွေအသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဖြိုခွင်းခဲ့ကြပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ ကျည်စစ်ကျည်မှန်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင်အနေနဲ့ နေပြည်တော်မှာကျဆုံးခဲ့ရပါတယ်။

    (more…)

  • အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

    အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၄ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောကြားထားသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၆၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPPက ထုတ်ပြန်ထားပြီး၊ ယင်းသေဆုံးခဲ့ရသူများထဲတွင် ကလေးငယ်များ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများပါဝင်ကြောင်း သိရသည်။
    (more…)

  • လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

    လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

    “အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်” တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ် ……….

    မောင်ဝိ

    စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလအတွင်းပိုင်းကတည်းက ကြိုတင်စီမံထားခဲ့တာ ဖြစ်တယ်။ ထိုအချိန်ကတည်းက နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်ပြီး၊ ပြောဆိုချက်ထဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိကာ အမျိုးသား စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း ၂ နှစ်တန်၊ ၃ နှစ်တန် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

    “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့ မျက်နှာငယ်ရတယ်။ နိုင်ငံရေး အားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို ပြဿနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်တယ်။


    လက်ရှိမှာလည်း စစ်ကောင်စီအနေနဲ့ တစ်နှစ်ကို လူဦးရေ ၂၀၀ တွင် ၁ ယောက်သာ တပ်ထဲဝင်ရမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါ့အပြင် Non-CDM ဝန်ထမ်းတွေနဲ့ စတင်ပြီး စစ်မှုထမ်းဖို့အကောင်အထည်ဖော်နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ကြေညာပြီး၊ တိုင်းနဲ့ပြည်နယ်များမှာ ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း စစ်တပ်ကပေါ်တာဆွဲလို့ ဖမ်းဆီးခံရတဲ့ လူငယ် ၃၀၂ ဦးရှိလာကြောင်းနဲ့ လူငယ်တွေကိုလည်း တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

    (more…)

  • စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၄ ခုနှစ်။

    “ကျွန်တော်အမြင်ပြောရမယ်ဆိုရင် စကစရဲ့ဘဝက ဆုပ်လဲစူး စားလဲရူးဆိုတဲ့ ဘဝရောက်နေပြီ။ သေချာတခုကတော့ ဒီကောင်စစ်ရှုံးနေပြီ စစ်ရှုံးတဲ့ အရသာကို သူတို့ခံစားဖူးပြီ စစ်ရှုံးတဲ့အရသာ သိပ်ကိုကြောက်စရာကောင်းပါတယ်” စသဖြင့် အညာရဲ့တော်လှန်ရေးအခြေအနေနှင့် လက်တလောအနေအထားများကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=8rwS5ebkSbM[/embedyt]

    Red News Agency

  • Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

    Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    Loikaw PDF ရဲဘော်များသည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲများဖြစ်သည့် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ပြီး ဒုတိယမြို့သိမ်းတိုက်ပွဲအဖြစ် ရှားတော တိုက်ပွဲတွင်လည်း အပြည့်အဝပါဝင်ခဲ့သည်ဟု သိရသည်။

    “Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) – Loikaw PDF မှ ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

    နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီလက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ဝေါတရားရုံးမှ ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံများက ထွက်ပြေးရန်ကြိုးစားသည့်အတွက်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့သည်ဟု သိရသည်။

    “ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး ၂ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာကိုတော့ မသိရဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကို မနိုဘလ်အေး၏ မောင်ဖြစ်သူ ကိုထက်မြက်က ပြောကြားထားသည်။

    မနိုဘယ်လ်အေး ကျဆုံးခြင်းကိစ္စနှင့်ပတ်သက်ပြီး မိသားစုကို စစ်ကောင်စီက တစ်စုံတရာ အကြောင်းကြားထားခြင်း မရှိသေးကြောင်း သိရသည်။

    မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သည့်အတွက် ထောင်ဒဏ် (၄၂) နှစ် ကျခံရဖူးသည့် နိုင်ငံရေးအကျဉ်းသူဖြစ်ပြီး ၂၀၀၇ ခုနှစ် အရေးအခင်းတွင်လည်း ဖမ်းဆီးခံရသူဖြစ်ကြောင်း၊ ယခုနွေဦးတော်လှန်ရေးတွင်လည်း ပြည်သူ့ဘက်ရပ်တည်ကာ တော်လှန်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    #RedNewsAgency

  • တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

    တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား စစ်ကောင်စီ၏ တပ်များက အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တလတာနီးပါး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု – ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် (၁၆၀) ကျော်သေဆုံးခဲ့ပြီီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

     

    ရှားတောမြို့နှင့် ပတ်ဝန်းကျင်မှ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

    (more…)

  • ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

    ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်၊ ရှားတောမြို့သိမ်းနိုင်ရေးအတွက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်ဆုံးပြီး မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ရှားတော့မြို့သိမ်းနိုင်ရေးအတွက် ကရင်နီတပ်တော် – KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အင်အား ၈၀ ခန့်ရှိ ဗျူဟာကုန်းကို ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

    စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲဆိုတာ လေပေါ်မှာ တိုက်အိမ်ဆောက်သလိုဖြစ်နေ

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီသည် နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေပြီး ကျဆုံးဖို့တခုသာရှိိတော့သည်ဟု ပြောထားသည့်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးလည်း “ရွေးကောက်ပွဲတခု တရားဝင်ဖြစ်လာဖို့ဆိုတာ ဒါ ..စိတ်ကူးယဉ်အိပ်မက်တခုဖြစ်တယ် ပြောရရင်လေပေါ်မှာ တိုက်အိမ်ဆောက်သလိုပဲလေနော် လုံးဝဖြစ်လာမှာမဟုတ်ဘူး” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF မှ တပ်မှူးကိုအောင်စံရှားက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=Sz6Ihv7MvYk[/embedyt]
    #RedNewsAgency