Tag: နွေဦးတော်လှန်ရေး

  • ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။

    တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    စစ်အာဏာရှင်စနစ်ကို မနိုင်မချင်း တိုက်ကြရတော့မည်ဟု ဗိုလ်မိုက်ခဲပြော 

    RNA_ဧပြီ()၊၂၀၂၄ခုနှစ်။ 

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်း ရောက်လာသူများအနေဖြင့် ရဲဘော်ဖြစ်လာသည့်အတွက် တိုက်ပွဲဝင်ရတော့မည်ဖြစ်ပြီး အာဏာရှင်စနစ်ကို မနိုင်မချင်းတိုက်ခိုက်ကြမည်ဟု Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ရဲဘော်များကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=XjKxp1k2OnM[/embedyt]

    စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်မှုမထမ်းလိုသည့် လူငယ်တချို့သည် နီးစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ကြရန် လုပ်ဆောင်နေကြပြီး၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ ရောက်ရှိလာသည့် လူငယ်များပါဝင်သည့် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းပွဲအခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်ဟု မတ်လ ၂၉ ရက်နေ့က ကြေညာထားသည်။

    #RedNewsAgency

  • အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

    အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

    RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် – AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။

     

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။

    (more…)

  • ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

    ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

    RNA_မတ်(၂၃)၊၂၀၂၄ခုနှစ်။

    ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ၊ နန်းဖယ်ခုံပါဝင်သည့် မြို့(၇)မြို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးအကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်း (၆၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ပါသည်” ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

    စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

    RNA_ဖားကန့်၊ မတ်(၁၈)၊၂၀၂၄ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို KIA/KPDF ရဲဘော်များ သိမ်းပိုက်ရရှိထားပြီးနောက် စခန်းကုန်းနှင့်လက်နက်ခဲယမ်းများကို မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=KlDhP_8nsIE[/embedyt]

    အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည့်အတွက် တာမခံစခန်းကို KIA/KPDF များက မတ်လ (၉) ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ တာမခံစခန်းမှ ဒုတပ်ရင်းမှူး နန္ဒလင်းမှာ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ တာမခံစခန်း မစွန့်ခွါမီ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သားအလောင်းများပါ တွေ့ရှိခဲ့ကြကြောင်း KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခါမှုများနှင့်အတူ ပူးပေါင်းစခန်းများပါ KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်မှုများရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံများလည်း သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများရှိခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ တာမခံစခန်းမှစွန့်ခွါစဉ် တာမခံရွာအား မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

    တာမခံစခန်းသိမ်းပိုက်ရရှိစဉ် တွေ့ရှိရသည့် စစ်ကောင်စီတပ်သား အလောင်းများပါ မြင်တွေ့ရသည့် ရုပ်သံကြည့်ရန် >>>>>> https://t.me/rednewsagency/5836

    Red News Agency

  • စစ်တပ်ကင်းစင်နယ်မြေဖြစ်လာနိုင်တဲ့ ကချင်ပြည်နယ်ရှိ စစ်ရေးအောင်မြင်မှုများ

    စစ်တပ်ကင်းစင်နယ်မြေဖြစ်လာနိုင်တဲ့ ကချင်ပြည်နယ်ရှိ စစ်ရေးအောင်မြင်မှုများ

    “ကချင်လူမျိုးတို့၏ရိုးရာဓလေ့ဖြစ်သည့် စစ်အောင်နိုင်ချိန်၌ အောင်ပွဲခံကျင်းပလေ့ရှိသော ပဒန်မနောပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အတွက် ကချင်လူမျိုးတို့၏ ကျေးဂျူးကဘာဆိုင်ရော စကားဆိုသံများသည် ကျယ်လောင်စွာ ပြန့်လွင့်နေတော့မည်”

    ကေဂျီ

    လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးအောင်မြင်မှုများ၊ နယ်မြေစိုးမိုးလာနိုင်မှုများနှင့် အဖွဲ့အစည်း၏ မှုဝါဒ၊ ရည်မှန်းချက်များပြည့်မှီအောင်ဖော်ဆောင်နိုင်မှုများ တိုးတက်အားကောင်းလာပြီး အောင်မြင်မှုများစွာရရှိလာခြင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်၏ နိုင်ငံ့အာဏာသိမ်းယူခြင်းမှ ဖြစ်ပေါ်လာသော  အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်။

    ထို့ထက်ပို၍ နိုင်ငံသူ၊နိုင်ငံသားတို့၏ မုန်းတီးမှုနှင့် စွန့်ပစ်ခြင်းခံလိုက်ရသောကြောင့် နိုင်ငံ့တပ်မတော်မှ အကြမ်းဖက်စစ်တပ် အဖြစ်ပြောင်းလဲသွားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကျဆုံးခန်းနေဝင်ချိန် ရောက်ရှိလာခြင်းဖြစ်သည်ဟုလဲ ဆိုရပေမည်။

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်တပ်တို့ကြား၌ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ညှိနှိုင်း၍မရနိုင်သော ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ကို ဆင်နွှဲလာခဲ့ကြသည်မှာ လွတ်လပ်ရေးရပြီးချိန်မှ စတင်ခဲ့သည်ဖြစ်သောကြောင့် လက်ရှိအချိန်အထိ နှစ်ပေါင်း(၈၀)ခန့် ကြာမြင့်လာခဲ့ပြီဖြစ်ရာ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဖြစ်လေသည်။

    မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ( KNU/KNLA ) နှင့် မြောက်ပိုင်းဒေသမှ ကချင်လွတ်မြောက်ရေး တပ်မတော်( KIO/KIA ) တို့သည် စစ်တပ်နှင့် နှစ်ပေါင်းအရှည်ကြာဆုံး တိုက်ပွဲဆင်နွှဲလာခဲ့သည့် သဘာရင့်ဝါရင့် သက်တော်ရှည်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကြီး နှစ်ခုပင်ဖြစ်သည်။

    (more…)

  • တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

    တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

    RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။

    တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန် မတ်လ (၄) ရက်နေ့က KIA/KPDF မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “ဒီနေ့မနက် ၈ နာရီ သတင်းအရ စကစရဲ့ တပ်ကူလာတဲ့ (၆၀)လောက်ကို ချေမှုန်းနိုင်ခဲ့တယ်၊ (၆၀ မမ)စိန်ပြောင်း၊ လက်ထောက်စက်လက်နက်ငယ်ရယ်ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်း‌တွေနဲ့ ကွန်ပျူတာတစ်လုံးရတယ်၊ ထွက်ပြေးတဲ့ ဆယ်ယောက်လောက်ကို လိုက်လံရှင်းလင်းရေး ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

    (more…)

  • လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ

    လူသိနည်းသည့် ခွန်အားကြီးသော တော်လှန်ရေး အားသာချက်များ

    “ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း၊ Lion Battlion စစ်ကြောင်းဖြစ်ပြီး PDF စစ်ကြောင်းများဖြစ်တဲ့ ကျားဖြူ၊ SOF၊ တောင်ညို၊ ကျားသစ်နက်စသည့် စစ်ကြောင်းများသည် Social Media များပေါ်မှ ပြည်သူများရဲ့ အချစ်တော် စစ်ကြောင်းများ”
    **********************************

    ရန်နိုင်

    နွေဦးတော်လှန်ရေးကာလအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များ ဆိုသည်က မတရားမှုကို မကျေနပ်ကျလွန်း၍သာ သူပုန်ထသည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်တခုကို အမြစ်ပြတ်အောင် ချေမှုန်းခြင်သည့် စိတ်တခုတည်းနဲ့ တိုက်ပွဲဝင်နေကြခြင်းလည်းဖြစ်သည်။ နှစ် ၈၀ နီးပါး ပြည်သူ့ဘဏ္ဍများစွာဖြင့် လက်နက်အင်အား အပြည့်အစုံတပ်ဆင်ကာ ပြည်ပရန်ကိုတိုက်ထုတ်ဖို့ တည်ဆောက်ထားသည် စစ်တပ်ကို အံတုဖို့ဆို သည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။

    နီးစပ်ရာလက်နက်ကိုင်အဖွဲ့ဝင်များဆီမှာ စစ်ပညာသင်ကြားပြီး အခြေစိုက်စခန်းများ တည်ဆောက်ကာ အကြမ်းဖက်စစ်တပ်၏ စခန်းငယ်များကို တိုက်ပွဲများဖော်ဆောင်ကြရသည်။ ထိုမှတဆင့် စစ်ဆင်ရေးအားကောင်းလာခဲ့ပြီး စိုးမိုးနယ်မြေများဖန်တီး နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင်အခြေပြုသည့် KNU/KNLA တပ်ဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် နယ်မြေအသီးသီးမှာ စစ်ကြောင်းများဖွဲ့စည်းကာ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်း တိုက်ခဲ့နေကြသည်။ ဖွဲ့စည်းထားသည့် PDF စစ်ကြောင်း အားလုံးသည် ကာကွယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ministry of Defence (MOD) ကို ကိုယ်စားပြုထားပါသည်။

    အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်ရပေမယ့် တိုက်ပွဲဝင်အတွေ့ကြုံနည်းပါးသည့်အချိန်မှာ ပြောက်ကျား စနစ်ကိုအခြေခံသည့် တိုက်ပွဲများအသွင်တိုက်ခိုက်ကြရသည်။ လက်နက်အင်အား မပြည့်စုံမှုကြောင့် လက်နက်အင်အား လူအင်အားဖြည့်ဆည်းနိုင်ရန် ပူးပေါင်းစစ်ကြောင်း များအသွင်ဖြင့် တိုက်ပွဲဝင်ကြသည်။ နယ်ခံမဟုတ်သည့် ပူးပေါင်းတပ်များအနေဖြင့် ပူးပေါင်းစစ်ဆင် ရာတွင် ပစ်ပိုင်နယ်မြေ သတ်မှတ်ထားပေမယ့် မထင်မှတ်သည့်နေရာမှ ရန်သူကဝင်လာတတ်တာ ကြုံရသလို၊ နယ်ခံလက်နက်ကိုင်အဖွဲ့များနှင့် အချိတ်အဆက်မမိချိန်များတွင် တပ်နုပ်နောက်ကျသည့်အတွက် ပိတ်ဆို့ချေမှုန်းခံရခြင်းများ ကြုံခဲ့ရကြောင်း တိုက်ပွဲဝင်ရဲဘော် တယောက်မှသူ၏ အတွေ့အကြုံကို ပြောပြခဲ့ဖူးပါသည်။

    (more…)

  • မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်မှာလား?

    မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်မှာလား?

    “ရှမ်းမြောက်၊ ရှမ်းတောင်၊ တောင်ပိုင်းစစ်ဒေသ၊ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးကို စစ်ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ အနီးဆုံးအထိ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်လာမှုကို မသိပဲမနေပါဘူး။ မတတ်သာလို့သာ မျက်စိစုံမှိတ်နေရပေမယ့်”
    **************************
    မောင်ဝိ

    “မြို့တွေကို အသေခံပြီး လျှောက်ယူစရာမလိုဘူး၊ ဒါပေမဲ့ လိုရင်လိုသလိုတော့ ဝင်တိုက်မှာပဲ၊ အဓိကကျတာတော့ သူတို့ရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရမှာပဲ”လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။ အခုလိုပြောဆိုမှုအပေါ် စစ်ကောင်စီတပ်တွေအနေနဲ့ အာဏာသိမ်းခါစအချိန်တွေကလို လက်လွှတ် စပယ်မနေရဲတာတော့ အသေအချာပါပဲ။

    ပဒိုစောတောနီးပြောခဲ့သလိုပါပဲ စစ်ကောင်စီရဲ့ အသဲနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်တဲ့ လမ်းတွေထဲမှာ ကရင်နီစစ်မျက်နှာနဲ့ ပဲခူးတိုင်းအတွင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းအထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရွှေ့ရွှေ့ လှုပ်ရှားမှုတွေပါဝင်ပါတယ်။ အသိသာဆုံးဆိုရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နေပြည်တော်မှ မိုင် ၅၀ ခန့်အကွာ၊ တောင်ငူ-ရေတာရှည် မြို့နယ်ရှိ ကျေးရွာတွေထဲက တိုက်ပွဲတွေပဲ ဖြစ်တယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရေတာရှည် မြို့နယ် ဒိုးတန်းရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ၄၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

    နောက်ထပ်လည်း ပဲခူးတိုင်း၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ရဲစခန်း၊ ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင်၊ စစ်ကောင်စီစခန်း ၆ ခုထက် မနည်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်တည်း ဝင်တိုက်ခဲ့ကြပါတယ်။ အဲသလို အခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေ သုံးပြီး ပဲခူးတိုင်းအတွင်းက မြို့နယ်တွေ မပေးရရေးအတွက် အပြင်းအထန် ခုခံပိတ်ဆို့နေခြင်းဖြစ်တယ်။

    (more…)

  • စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

    စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

    RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။
     
    နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။
     
    “နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။

    (more…)