15
Feb
RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား စစ်ကောင်စီ၏ တပ်များက အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တလတာနီးပါး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု - ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် (၁၆၀) ကျော်သေဆုံးခဲ့ပြီီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ ရှားတောမြို့နှင့် ပတ်ဝန်းကျင်မှ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။…