Tag: နွေဦးတော်လှန်ရေး
-

လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား
RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် – Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense Force၊ ဒေါင်းမင်း တပ်ခွဲ (၂) စသည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြေင်း သိရသည်။ -

အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း
“တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး”
နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ချင်တာကြောင့် ဘတ်ဂျက်အနည်းဆုံး လက်နက်တွေဖြစ်တဲ့ တူမီးလိုလက်နက်လေးတွေနဲ့စတင်လာခဲ့တာ ခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတော် ဘဏ္ဍာတွေကို မတရားသုံးစွဲပြီး ကာကွယ်ရေးအတွက်၊ လက်နက်အင်အား နည်းပညာအင်အား အဆင့်မြင့်ဆုံးတွေ သုံးထားပေမယ့် အောင်ပွဲဆိုတာ ကင်းမဲ့နေပြီး နယ်မြေတွေအားလုံးနီးပါး ထိန်းချုပ်မရတော့ဘူး။လက်နက်မဲ့ပြည်သူတွေကို သေနတ်မောင်းတင်ပြီး သေရဲရင်ထွက်ခဲ့လို့ ပြောခဲ့သူတွေက အခုချိန်မှာတော့ မောင်းပြန်ကိုင်ထားတဲ့ ရဲဘော်တွေရှေ့ မျက်နှာအောက်ချပြီး အရှက်မရှိတောင်းပန်နေကြတယ်။ လက်နက်အသာနဲ့ စိန်ခေါ်ရဲတဲ့ အကြမ်းဖက်စစ်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်အင်အားတူလာချိန်မှာတော့ စိတ်ဓါတ် စွမ်းရည်အရ မယှဉ်နိုင်ဘူးဆိုတာ သိသာလှတယ်။ပြည်သူလူထုရဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ဆိုတဲ့ လမ်းစဉ်ကိုရွေးပြီးတဲ့ နောက်တော့ တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စီးပွားရေးဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးဒေါက်တိုင်တွေကို ဦးတည် တိုက်ခိုက်လာတာကြောင့် စစ်သည်အင်အား ၄ သိန်းရှိတဲ့ဆိုတဲ့စစ်တပ်က တနိုင်ငံလုံးကိုအင်အားတွေ ဖြန့်ထုတ်နှိမ်နင်းနေရတယ်။ တော်လှန်ရေးစကတည်းက စစ်တပ်ကိုနားချိန်မပေးပဲ ဗျူဟာမြောက်စွာနဲ့ တနိုင်ငံလုံးက နေ့စဉ်တိုက်ပွဲတွေဆင်နွှဲနေလို့ အကြမ်းဖက်စစ်တပ် ဖိအားတွေ များလာတယ်။ -

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်
RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ NUG – MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။[embedyt] https://www.youtube.com/watch?v=jY1mKK04no8[/embedyt]စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး သင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ ပြန်ရောက်လာစဉ် စခန်းသွင်းပြီး ပြန်လေ့ကျင်ခဲ့ကြခြင်း ဖြစ်သည်။#RedNewsAgency -

သူငယ်ချင်းထံ ပေးစာ
“ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
**************************
သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။
တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။

-

ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ
RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။
ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။
“နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ မထားတော့ပါဘူး အားလုံးရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်သလို စစ်ကောင်စီကလဲ သူတို့အချင်းချင်းကလွဲရင် အားလုံးဟာ သူတို့ရန်သူလို့ပဲ သဘောထားလာနေပါပြီ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ကိုနွေဦး (မြောင်) ကပြောကြားထားသည်။
-

နောင်တမရလိုပါ ………….
“အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်”
*********************************လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ပြည်သူတို့ရဲ့ အသက်တွေကို ချနင်းရမှာလဲ စဉ်းစားတွေဝေ မနေတတ်ကြဘူးလေ။
ပြန်မတွန်းလှန်ရဲစေလိုတဲ့ စိတ်တစ်ခုနဲ့ အာဏာရူးတွေရှို့တဲ့မီးက မြို့ပြတွေမှာလောင်တယ်၊ လေးကေကော်မှာလောင်တယ်၊ စစ်ကိုင်းမှာလောင်တယ်၊ ထန်တလန်မှာလောင်တယ်၊ ပဲခူးရိုးမလည်းလောင်တယ်၊ ရခိုင်ရိုးမလည်း လောင်တယ်၊ မိဘတွေရဲ့ ရင်ဘတ်ထဲမှာလောင်တယ်၊ သားသမီးတွေရဲ့ နှလုံးသားထဲမှာလောင်တယ် ၊ အနာဂါတ်တွေအားလုံးကို လောင်တယ်။ နောက်တော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ တစ်တိုင်းပြည်လုံးရဲ့ စိတ်ထဲ အသည်းထဲမှာ ထပ်လောင်တယ်။
တနိုင်ငံလုံးရဲ့ အပူမီးတွေနဲ့ ငိုးကြွေးသံကြားမှာ ဘုရားတည်ပြီး သာဓုခေါ်ပြနေတာက ကုသိုလ်လည်းရ ဝမ်းလည်းဝ တယ်ဆိုတဲ့အကြောင်းကို မီးဟုန်းဟုန်းတောက်နေတဲ့ ရောမမြို့ပျက်ကြီးနဲ့ တယောထိုးနေတဲ့ နီရိုးဘုရင်သာမြင်နိုင်ရင် စစ်အာဏာရှင်ကို ဆရာပါ တင်လောက်တာပေါ့။ အပြစ်ရှိသမျှကို ဘုရားတွေတည် ကျောင်းတွေဆောက်ပြီး အလှူတွေပြုလိုက်တိုင်း ဝဋ်ကြွေးကျေတယ်လို့ ဘယ်ဘုရားကမှ မဟောထားခဲ့ပေမယ့် ဘုရားထူး ခံရတာကို သာယာချင်တဲ့ အဲ့ဒီအသိုင်းအဝိုင်းမှာ ငရဲဆိုတာ သူတို့အာဏာ ရပ်တည်မှုလောက်တောင် အရေးမပါတော့ပါဘူး။
-

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်
“KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်”
သူရိန်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ လိုင်ဇာမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတည်း ပြည်လည်ဖွင့်လှစ်ခဲ့သည်။ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်နှင့် ပတ်သက်ပြီးတော့လည်း KIA၏ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က “ ယနေ့မနက် အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀) နှစ်ကျော်မှ လိုင်ဇာ ဝင်ပေါင်းများ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်” လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြည်သူများကို အသိပေးထားပါသည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၅ ရက်နေ့ တစ်ရက်တည်းမှာ ဆွမ်ဘရာဘွမ်မြို့ အပါအဝင် ဝိုင်းမော် မြို့နယ်က တပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဆွမ်ပရာဘွမ်ဗျူဟာစခန်း၊ ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း၊ ဖောင်ဒေါ့၊ လော့ခွမ်၊ လော့ဖြိုး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု သိထားရပါသည်။

-

“ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုလျှင် ‘ဒိုင်ပွဲရပ်’နဲ့ ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော
RNA_မေ(၈)၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အချိန် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒိုင်လူကြီးများနှင့် ကျင်းပရသည့် ပွဲသာဆိုပါက ဒိုင်ပွဲရပ်နှင့် ပြီးသွားလောက်ပြီဟု မေလ ၆ ရက် နေ့က ပြောကြားထားသည်။

“Awng La NSang တို့ရဲ့ ပွဲလို ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုရင်……ဒိုင်ပွဲရပ်..နဲ့ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောကြားထားသည်ဟု “ချစ်ခြင်းတည်စေ မနောမြေ” ကမ်ပိန်း ၏ Facebook page တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ယမန်နေ့ကလည်း မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် လပိုင်းမှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်တချို့ ထိုင်းနိုင်ငံ၏ ကြားခံမှုဖြင့် ဆွေးနွေးမှုများရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

#RedNewsAgency
-

ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ
RNA_မေ(၆)၊၂၀၂၄ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
“ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။

