သတင်းထောက်အမျိုးသမီး ၂ဦး သတင်းယူသွားရာတွင် ပိတ်ဆို့ တားဆီးခံရ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသို့ သတင်းယူသွားရောက်သည့် RFA သတင်းဌာန သတင်းထောက် မခေမဏီဝင်းနှင့် 7Days TV သတင်းဌာနမှ သတင်းထောက် မဖြိုးဖြိုးဇော်တို့ နှစ်ဥိးကို ကျေးရွာအနီးတွင် အကောင်အထည်ဖော်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးအပါအဝင် အမျိုးသား ၅ ဦးခန့်က ရွာအဝင် အများပြည်သူပိုင် လမ်းပေါ်တွင် တားဆီးခဲ့ကြောင်း သိရသည်။

အမျိုးသမီးသတင်းထောင်များကို အများသား ၅ ဦးကျော်ပါ လူအုပ်စုက အများပြည်သူပိုင်လမ်းပေးတွင် သွားလာနေသည်ကို တားဆီးခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ထိပါးရုံသာမက ကာအိန္ဒြေကိုပျက်ပြားစေသည်။ ထို့အပြင် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကိုပါ ထိခိုက်စေသည်ဟု ကျွနု်ပ်တို့က ရှုမြင်ကြောင်း အထက်မြန်မာပြည် သတင်းသမားများအဖွဲ့က ထုတ်ပြန်ထားသည်။

Red News Agency

By RNA Editor