နတ်မတောင် ဝန်းကျင်က ရှုခင်းများ

အဖေသေပျော်ပြီ သမီးရေတဲ့ နတ်မတောင်ပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖခင်တဦးက သမီးဖြစ်သူကို ပြောကြားလိုက်တဲ့ စကားသံကို ကြားမိလိုက်တာပဲဖြစ်ပါတယ်။

ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ဆိုတာကတော့ အများက နတ်မတော်လို့ သတ်မှတ်ခေါ်ကြပါတယ်။

ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်် အတွင်းမှာ ရှိပါတယ်။ ဒီဇင်ဘာ ၂၀၊ ၂၁ ရက်များက ကန်ပက်လက် မြို့ အနီးနဲ့ နတ်မတောင်ပေါ်က ရှုခင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ရိုက်ကူး- ဝင်းဇော်နိုင်

နတ်မတောင်ပေါ်ကနေ မြင်ရတဲ့ သဘာဝ အလှတရားတွေကို ပန်းချီတွေ ဓာတ်ပုံတွေက လိုက်မမှီနိုင်အောင် လှပါတယ်။
ကိုယ်တိုင်ကြည့်ရှုခံစားရသူတို့သာလျှင် နှလုံးသားအာဟာရ ဖြစ်ပါတယ်။ နှင်းတွေဝေပြီး အေးချမ်းတဲ့ ရာသီမှာ တောင်ဇလပ် ချယ်ရီနဲ့ ထင်းရှူး ပင်တွေကြားက ချင်းပြည်နယ်အလှဟာ ရောက်ဖူးသူတိုင်း သိကြပါတယ်။
နတ်မတောင်ပေါ်က အဆင်း
Red News Agency

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *