Author: RNA Editor

  • ပုလဲနယ်တွင် ည ၈ နာရီ နောက်ပိုင်း ယာဉ်များ မမောင်းနှင်ရန် ပုလဲ PDF ထုတ်ပြန်

    ပုလဲနယ်တွင် ည ၈ နာရီ နောက်ပိုင်း ယာဉ်များ မမောင်းနှင်ရန် ပုလဲ PDF ထုတ်ပြန်

    ပုလဲ၊ ဇူလိုင် – ၁၇ ရက်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ လမ်းမကြီးများပေါ်တွင် ဇူလိုင်လ ၁၈ ရက်မှ စတင်ကာ ည ၈ နာရီနောက်ပိုင်း ယာဉ်များ ဖြတ်သန်းမောင်းနှင်ခြင်း မပြုကြရန် ပုလဲမြို့နယ် PDF မှ ဇူလိုင်လ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်လိုက်သည်။

    အကြမ်းဖက် စစ်ကောင်စီတပ်များက အရပ်ကားများကို အသုံးပြုကာ သွားလာလှုပ်ရှားနေသဖြင့် ၎င်းတို့အား ဖြေရှင်းချိန်တွင် မှားယွင်းပစ်ခတ် မိစေနိုင်ခြင်းကြောင့် အသိပေးထုတ်ပြန်ရခြင်းဖြစ်သည်။

    အကြမ်းဖက် စစ်ကောင်စီတပ်များက အရပ် သားများ အသွင်ယူကာ လှုပ်ရှားသွားလာ နေသဖြင့် တွေ့ရှိပါက တိုက်ခိုက်ချေမှုန်း နိုင်ရန်အတွက် ပြည်သူလူထုမှ နီးစပ်ရာ PDF တပ်ဖွဲ့ဝင်များထံသို့ အချိန်မှီ သတင်းပေးပို့ရန်လည်း ထုတ်ပြန်ကြေငြာထားသည်။

    Red News Agency

  • ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်နက်ကိုင်များကို Kn.A နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်

    ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်နက်ကိုင်များကို Kn.A နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်

    ကရင်နီပြည်၊ ဇူလိုင် ၁၆ ရက်။

    ကယား (ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ ( ဇူလိုင်လ ၁၆ ရက်) နေ့လည် ၂ နာရီဝန်းကျင်က ထိုးစစ်ဆင်လာသည့်အတွက် ကရင်နီတပ်မတော် Kn.Aနှင့် KNDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင် (၅၀) ဝန်းကျင်က ထားလဲကျေးရွာဘက်မှ နန်းဖဲကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသည့်အတွက်၊ Kn.A နှင့် KNDF တို့ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလရ်နက်ကိုင်များ အကျအဆုံးရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကရင်နီပြည်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ထိုးစစ်ဆင်မှုနှင့် ဒေသခံပြည်သူများအပေါ် ဖမ်းဆီးနှိပ်စက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူ ‌အများအပြားရှိနေကြောင်း၊ ကရင်နီပြည်တွင် စစ်ကောင်စီ လက်နက်ကိုင်များက မိသားစုအလိုက် သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းစသည့် အဖျက်အမှောက်လုပ်ငန်းမျိုးစုံ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    Red News Agency

  • အင်းစိန်ထောင်နှင့် ဖားအံ၊ တောင်ကြီး၊ တောင်ငူထောင်တို့တွင် ကိုဗစ်ဖြစ်နေ

    အင်းစိန်ထောင်နှင့် ဖားအံ၊ တောင်ကြီး၊ တောင်ငူထောင်တို့တွင် ကိုဗစ်ဖြစ်နေ

    RNA- ဇူလိုင် ၁၆ ရက်။

    အင်းစိန်အကျဉ်းထောင်၊ ဘားအံတောင်ကလေးအကျဉ်းထောင်၊ တောင်ကြီးထောင်နှင့် တောင်ငူအကျဉ်းထောင်တို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ယနေ့ ( ဇူလိုင်လ ၁၆ ရက်) တွင် AAPP၏ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီက အကျဉ်းထောင်များ အဝင်အထွက်များကို ပိတ်ထားကြောင်း၊ ထောင်ဝင်စာနှင့် ဧည့်တွေ့များကိုလည်း ပိတ်ထားကြောင်း၊ ယခု ကိုဗစ်ကာလ ပြင်းထန်ချိန် ဖမ်းဆီးခံရသူများအတွက် စိုးရိမ်ရသည့် အနေ အထားရှိနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဥပဒေအကြံပေး ဦးဉာဏ်ဝင်းမှာ အင်းစိန်အကျဉ်းထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။

    ” အင်းစိန်အကျဉ်းထောင်၊ ဘားအံတောင်ကလေးအကျဉ်းထောင်၊ တောင်ကြီးထောင်နှင့် တောင်ငူအကျဉ်းထောင်တို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည်ကို နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း အကျဉ်းသားဦးရေ မည်မျှကူးစက်ခြင်း ခံထားရသည် သို့မဟုတ် မည်မျှသေဆုံးသွားသည်နှင့်ပတ်သက်၍ကိုမူ သိရှိရခြင်းမရှိပါ။” ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    MNHRC မှ စုံစမ်းစစ်ဆေးခဲ့သော အကျဉ်းထောင် (၃၀) ၏ စုစုပေါင်း ဝင်ဆံ့နိုင်သည့် အကျဉ်းသားဦးရေမှာ ၃၁,၅၀၀ ဖြစ်သော်လည်း အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ (၅၀၀၀၀) ကျော် ထိန်းသိမ်းထားရပြီး (၁၉၀၀၀) ပိုလွန်၍ ထိန်းသိမ်းထားရှိသည်ကို တွေ့ရှိရကြောင်း၊ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ လူသေဆုံး လျှင်ပင် ဂရုစိုက်မှု၊ ဂရုထားမှုမရှိသည့် အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဘားအံတောင်ကလေးအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု အဆမတန်များပြားနေကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမျိုးသမီးတစ်ဦး အချုပ်ဆောင်အတွင်း ကိုဗစ်သံသယဖြင့် အသက်သေဆုံးသွားခဲ့သော်လည်း သတင်းထိန်ချန်ထားခဲ့ကြောင်း၊ အနံ့ပျောက်နေသည့် လူနာများကိုလည်း အခြားအကျဉ်းသားများနှင့်အတူ ရောနှောထားရှိသလို ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း၊ မိသားစုနှင့် ဆက်သွယ်ခွင့် တားမြစ်ထားသည့်အတွက် ဆေးဝါးထောက်ပံ့နိုင်မှုအတွက်ပါ လွန်စွာခက်ခဲနေရသည်ဟု AAPP ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၈ ဦးသေဆုံး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

    ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၈ ဦးသေဆုံး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

    ကလေးမြို့၊ ဇူလိုင် ၁၆ ရက်။

    စစ်ကိုင်တိုင်း၊ ကလေးမြို့နယ် ယနေ့ ( ဇူလိုင်လ ၁၆ ရက်)  တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီလက်နက် ကိုင် ၈ ဦးသေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ” ကလေးမြို့နယ် တောင်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီမှ ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းနေသဖြင့် မိမိတို့ PDF (Kalay) အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အပြင်းအထန်လက်တုံ့ပြန်သွားမည့် ကာလဖြစ်သဖြင့် ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား သွားလာသည့် ကားများအနေဖြင့် မဖြစ်မနေ မှန်ချ၍ မောင်းနှင်ပေးကြပါရန် ကြိုတင် အသိပေးအပ်ပါသည်” ဟု ယနေ့ ည People’s Defence Force (Kalay) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF (Kalay) တပ်ဖွဲ့များအကြား ယနေ့နံနက် ၅ နာရီ အချိန်ခန့်မှ ပြန်လည်စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင်များက လက်နက်ကြီးများကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်စ၊ ဒေသခံ စစ်ဘေးရှောင်များလည်း များပြားနေကြောင်း သိရသည်။

    #RedNewsAgency #RedNews

  • ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦးသေဆုံး

    ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦးသေဆုံး

    ကလေး၊ ဇူလိုင် ၁၅ ရက်။

    ကလေးမြို့ပြည်သူ့ရာကွယ်ရေးတပ်ဖွဲ့ ( People’s Defence Force – Kalay) နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ ယနေ့ ( ဇူလိုင်လ ၁၅ ရက်) တနေ့လုံးနီးပါး တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင် ၁၇ ဦး သေဆုံးကြောင်း PDF- Kalay က ထုတ်ပြန်ထားသည်။

    PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီလက်နက်ကိုင်များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲဆင်နွှဲခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ညနေ ၇ နာရီခွဲအချိန်ခန့်ထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ PDF (Kalay) မှရဲဘော် ၂ ဦး အသက်ပေးဆပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ယနေ့နံနက် ၁၀ နာရီ ဝန်းကျင်အချိန်ခန့်မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များသည် ကလေးမြို့နယ်တောင်ပိုင်းမှ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ် နှင့် အရှေ့စည်းရွာများသို့ ဝင်ရောက်အကြမ်းဖက်စီးနင်းရန် ဆက်တိုက်ကြိုးပမ်းခဲ့ရာ အဆိုပါရွာများအနီးဝန်းကျင်နယ်မြေတဝိုက်တွင် PDF (Kalay) တပ်ဖွဲ့များဖြင့်ထိတွေ့မှုတောက်လျှောက် ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဆင်ခြင်မဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ယနေ့ ညပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်များက
    ကျောက်ဖူးနှင့် အရှေ့စည်းရွာများတွင် တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူများ လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် PDF (Kalay) က မေတ္တာရပ်ခံထားသည်။

    Red News Agency

  • ကရင်စည်းလုံးညီညွတ် ရေး ပြိုကွဲရန် စစ်အုပ်စုလုပ်ဆောင်နေ

    ကရင်စည်းလုံးညီညွတ် ရေး ပြိုကွဲရန် စစ်အုပ်စုလုပ်ဆောင်နေ

    RNA – ဇူလိုင် ၁၄ ရက်။

    ကရင်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကိုမလိုလားသော စစ်ကောင်စီက သွေးထိုးခြင်းများ ရှိနေသည်ကို နားမယောင်ကြဖို့ KNDO က နှိုးဆော်စာတစ်စောင်ကို ယနေ့ ( ဇူလိုင်လ ၁၄ ရက်) တွင် ထုတ်ပြန်ထားသည်။

    အာဏာသိမ်း စစ်ကောင်စီက ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲရန် KNDO နှင့် KNU ကို ရန်တိုက်ပေးသည့် လုပ်ဆောင်မှုမျိုး လုပ်ဆောင်နေကြောင်း၊ KNDO သည် KNU ခေါင်းဆောင်များကို လုပ်ကြံရန်ကြံစည်နေသည်ဟူသောသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ပဲခူးပြည်သူ့ကာကွယ် ရေး ( BDF) တပ်မဟာ (၂ ) တိုးချဲ့ ဖွဲ့စည်း

    ပဲခူးပြည်သူ့ကာကွယ် ရေး ( BDF) တပ်မဟာ (၂ ) တိုးချဲ့ ဖွဲ့စည်း

    ပဲခူး၊ ဇူလိုင် ၇ ရက်။

    ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BAGO DEFENSE FORCE ( BDF ) ၏ တပ်မဟာ (၂) ကို ယနေ့ ( ဇူလိုင် ၇ ရက်) တွင် အင်အားတိုးချဲ့ဖွဲ့စည်းပြီး‌ကြောင်း ပဲခူး BDF က ထုတ်ပြန်ထားသည်။

    ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်သော ပြည်သူတရပ်လုံးမှသည် မြန်မာတနိုင်ငံလုံးတွင်နေထိုင်သော ပြည်သူတရပ်လုံး၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် အကြမ်းဖက်စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ပွဲဝင်ရာ တွင် ပိုမိုတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BAGO DEFENSE FORCE ( BDF ) ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

    RedNewsAgency

  • အခြေခံစားသောက် ကုန်တွေ ဈေးတင်မရောင်းဖို့နှင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

    အခြေခံစားသောက် ကုန်တွေ ဈေးတင်မရောင်းဖို့နှင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

    ချင်းပြည်နယ်၊ ဇူလိုင် ၅ ရက်။

    လက်ရှိအခြေအနေအရ ပြည်သူတို့၏ စားဝတ်နေရေး ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များ အခက်အခဲ ဖြစ်နေသည့်အတွက် ပြည်သူအချင်းချင်း လက်ဝါး ကြီးအုပ် ဈေးအဆမတန် မြှင့်မရောင်းကြဖို့ ယနေ့ ( ဇူလိုင်လ ၅ ရက်) တွင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးစာ ထုတ်ပြန်ထားသည်။

    မင်းတပ်မြို့နယ်တွင် ပြည်သူအချင်းချင်းလက်ဝါးကြီး အုပ်ပြီး အခြေခံစားသောက်ကုန် တန်ဆာခ၊ တန်ဘိုးတွေကို အဆမတန် ဈေးတင်ရောင်းချနေသည့် ကုန်သည်များ ရှိနေကြောင်း၊ သင့်တင့်သည့် နှုန်းထားဖြင့် ပြန်လည်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

    ဟု ဆိုသည်။

    မင်းတပ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို အဆမတန် ဈေးတင်ရောင်းချနေသူများ လိုက်နာမှု မရှိပါက ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းတပ်မြို့တွင် အပစ်ရပ်ကာလအတွင်း စစ်ကောင်စီဘက်ကအင်အားတိုးထားသလို အပစ်ရပ် သတ်မှတ်ရက်လည်း ပြည့်ပြီဖြစ်သည့်အတွက် တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    RedNewsAgency

  • တရုတ်နိုင်ငံသည် အခြား နိုင်ငံများကို အနိုင်ကျင့်၊ ဖိနှိပ်ခြင်းနှင့် လက်အောက်ခံပြုခြင်းလည်း မရှိဟု တရုတ် သမ္မတရှီကျင့်ဖျင်ပြော

    တရုတ်နိုင်ငံသည် အခြား နိုင်ငံများကို အနိုင်ကျင့်၊ ဖိနှိပ်ခြင်းနှင့် လက်အောက်ခံပြုခြင်းလည်း မရှိဟု တရုတ် သမ္မတရှီကျင့်ဖျင်ပြော

    RNA ၊ ဇူလိုင် ၂ ရက်။

    တရုတ်ပြည်သူများသည် အခြားနိုင်ငံပြည်သူများကို တစ်ကြိမ်မျှ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ လက်အောက်ခံပြုခြင်း မရှိကြောင်း ယခင်ကမရှိခဲ့သလိုယခုလည်းမရှိ၊ နောင်တွင်လည်းရှိမည်မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဌ သမ္မတ ရှီကျင့်ဖျင်(Mr. Xi Jinping ) က ပြောသည်။

    ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် “ဇူလိုင်လ ၁ ရက်နေ့ ဆုတံ ဆိပ်” ချီးမြှင့်ခြင်းအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသည် မိမိရွေးချယ်ထားသည့် လမ်းကြောင်းပေါ်တွင် ဝင့်ကြွားစွာ ဦးမော့ရင်ကော့၍ ချီတက်သွားမှာဖြစ်ပြီးတရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ကံကြမ္မာအား မိမိ၏လက်ထဲတွင် အမိအရကိုင်ဆုပ်ထားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

    ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး တည် ဆောက်သူ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းရွက်သူနှင့် နိုင်ငံတကာအခင်းအကျင်းကို ကာကွယ်စောင့်ထိန်းသူ အမြဲတစေ ဖြစ်သည်ဟုလည်း သမ္မတ ရှီကျင့်ဖျင်၏မိန့်ခွန်းတွင် ဖော်ပြထားသည်။

    Red News Agency

  • တန့်ဆည်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း၊ လုံခြုံ​ရေး ထွက်​ပေါက် စသည်တို့ကို စီမံထားကြရန် တိုက်တွန်း

    တန့်ဆည်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း၊ လုံခြုံ​ရေး ထွက်​ပေါက် စသည်တို့ကို စီမံထားကြရန် တိုက်တွန်း

    တန့်ဆည် ၊ ဇွန် ၃၀ ရက်။

    တန့်ဆည်မြို့နယ် ပြည်သူများအနေဖြင့် အရေးပေါ်အန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဗုံးခိုလုံနိုင်သောနေရာ၊ အရေးပေါ်ထွက်ပေါက်နှင့် စားနပ်ရိက္ခာ စသည်တို့ကို လုပ်ဆောင်ထားကြရန် တန့်ဆည် PDF က ယနေ့ ( ဇွန်လ ၃၀ ရက်) တွင် တိုက်တွန်းထားသည်။

    Red News Agency