Author: RNA Editor

  • ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက တိုက်ခိုက်ချေမှုန်းမည်

    ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက တိုက်ခိုက်ချေမှုန်းမည်

    ပုလဲ၊ ဇူလိုင် ၂၉ ရက်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက ပြည်သူ့သစ္စာဖောက်သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပုလဲမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Pale People’s Defense Force – PPDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    ” ပုလဲမြို့နယ် အတွင်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ် ရေးယန္တယားအား ထောက်တိုင်လုပ်ပေးနေကြသော အုပ်ချုပ်ရေးမှူးခေါ်ဦးနှောက်မဲ့သတ္တဝါများအနေဖြင့် 1.8.2021 တနင်္ဂနွေနေ့မှ စ၍ ပြည်သူ့အပေါ် အနိုင်ကျင့် ယုတ်မာရက်စက်နေ့သည့် အကြမ်းဖက်အုပ်စု၏ ယန္တယားမှ အားလုံးနုတ်ထွက်ပေးကြပါရန် ကျွန်ုပ်တို့ PDF အနေဖြင့် ပြင်းပြင်းထန်ထန် သတိပေးတားမြစ်လိုက်သည်။ လိုက်နာခြင်း မရှိပါက မည်သည့်အကြောင်းပြချက်နှင့်မျှ သက်ညှာမည် မဟုတ်ဘဲ ပြည်သူ့သစ္စာဖောက် အဖြစ် သတ်မှတ်၍ တိုက်ခိုက်ချေမှုန်းသွားတော့မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေငြာလိုက်သည်။” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များ မကြာခန ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နယ်မြေအတွင်း သတင်းပေးမှုများကြောင့် PDF အချို့ အဖမ်းခံရမှုများရှိကြောင်း သိရသည်။

    စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးနှင့် စစ်ကောင်စီလက်နက်ကိုင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်၊ တောင်ဖြူ ကျေးရွာအနီးတွင် ဒေသခံ PDF ၃ ဦးကျဆုံးပြီး၊ တူမီး ၅၀ လက်နှင့်အတူ ၅၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့က ကနီမြို့နယ် မုံရွာ- ယာကြီး ကားလမ်းတောင်ဘက် ဇီးဖြူကွင်း ကျေးရွာအနောက်ဘက်တွင် ပျူစောထီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်နက်ကိုင်တို့၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဒေသခံ PDF ၉ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင် သေဆုံ

    ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင် သေဆုံ

    ယော၊ ဇူလိုင် ၂၈ ရက်။

    ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF)က ယနေ့ ( ဇူလိုင်လ ၂၈ ရက်) နံနက် ၇ နာရီခွဲခန်က စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်သည့်အတွက် စစ်ကောင်စီလက်နက်ကိုင် ၂၀ ဝန်းကျင်သေဆုံးသွားခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။

    Red News Agency

  • မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် စစ်ကောင်စီလက်ပါး စေများကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မ တော်က ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့

    မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် စစ်ကောင်စီလက်ပါး စေများကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မ တော်က ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့

    မကွေး၊ ဇူလိုင် ၂၆ ရက်။

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ (ဇူလိုင်လ ၂၆ ရက်)နံနက်စောစောက မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်အား ဗုံးဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ် ရေးတပ်မတော်က တောင်တွင်းကြီး မြို့နယ်အတွင်း မေလ ၂၃ ရက်နေ့က မြန်မာ့စီးပွါးရေးဘဏ်ရှေ့လုံခြုံရေးများနှင့် ပညာရေးမှူးရုံးရှေ့အစောင့်များအား ဗုံးဖြင့်တိုက်ခိုက်၊ အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား မေလ ၂၄ ရက်နေ့က ဗုံးဖြင့်တိုက်ခိုက်ခြင်း၊ တောင်တွင်းကြီးပညာရေးမှူးရုံးရှေ့ရှိ
    အစောင့်များ၊မြန်မာ့စီးပွားရေးဘဏ်အနီးရှိ အစောင့်ရဲများ၊ စကစလက်ပါးစေ ဦးတင်ထွန်းသိန်း နေအိမ်၊ ခမရ (၁၀၃) အဝင်ဂိတ်တို့ကို သေနတ်ဖြင့်ပစ်ခတ်ခြင်းဗုံးဖြင့်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူလူထုအား စစ်ရေးအရကာကွယ်ရန်နှင့် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းပါများအား သုတ်သင်ရှင်းလင်းရေးအတွက် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    Red News Agency

  • မြို့နယ် PDF များစုစည်းပြီး မကွေးတိုင်း တပ်မတော်ဖွဲ့စည်း

    မြို့နယ် PDF များစုစည်းပြီး မကွေးတိုင်း တပ်မတော်ဖွဲ့စည်း

    မကွေး၊ ဇူလိုင် ၂၄ ရက်။

    နွေဦးတော်လှန်ရေးက ပေါက်ဖွားလာသည့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်းပြီး မကွေးတိုင်း တပ်မတော်ကို ယနေ့ (ဇူလိုင်လ ၂၄ ရက်) တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    မကွေးတိုင်း တပ်မတော်တွင် မကွေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းဘူး-စကုမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေနံချောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်မောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်တွင်းကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြို့သစ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆင်ပေါင်ဝဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းလှမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ငဖဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပွင့်ဖြူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရသည်။

    အာဏာသိမ်း စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည့် ဒီမိုကရေစီရေးလိုလားသူ ပြည်သူများကို မတရားညှင်းပမ်း သတ်ဖြတ် ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို တိုက်ပွဲဝင်မည့်ဟုဆိုကာ မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ တိုင်းအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်ကြမည်ဟု သိရသည်။

    Red News Agency

  • စစ်ရေးအရ ပြည်သူများကို ကူညီရန် အဆင်သင့်ဖြစ်နေပြီဟု ဗဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြေညာ

    စစ်ရေးအရ ပြည်သူများကို ကူညီရန် အဆင်သင့်ဖြစ်နေပြီဟု ဗဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြေညာ

    RNA- ဇူလိုင် ၂၀ ရက်။

    ဗဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်ရန် ပြည်သူများအား စစ်ရေးအရ ကူညီရန် အဆင်သင့်ဖြစ်နေပြီဟု ယနေ့ ( ဇူလိုင်လ ၂၀ ရက်) တွင် ကြေညာထားသည်။

    နိုင်ငံလုံးဆိုင်ရာ PDF အဖွဲ့ပေါင်းစုံနှင့် ပူးပေါင်းကာ အကြမ်းဖက်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

    ဗဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး၊ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှဖြစ်ကြောင်း၊ PDF အဖွဲ့ပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

    Red News Agency

  • တရားရုံးများတွင် စွဲဆိုထားသည့် မူးယစ်ဆေးမှု၊ လောင်းကစားမှု၊ ခိုးမှု ပြည့်တန်ဆာအမှု စသည်တို့ကို ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

    တရားရုံးများတွင် စွဲဆိုထားသည့် မူးယစ်ဆေးမှု၊ လောင်းကစားမှု၊ ခိုးမှု ပြည့်တန်ဆာအမှု စသည်တို့ကို ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

    RNA- ဇူလိုင် ၂၀ ရက်။

    အာဏာသိမ်း စစ်ကောင်စီက ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်မှုကိုထိရောက်စွာကုသနိုင်ရေး အကြောင်းပြုကာ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ တရားရုံးများတွင် စွဲဆိုထားသော မူးယစ်ဆေးမှု၊ လောင်းကစားမှု၊ ခိုးမှု၊ ပြည့်တန်ဆာမှု စသည်တို့ကို ပိတ်သိမ်းမည်ဟု ယနေ့ ( ဇူလိုင်လ ၂၀ ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • အာဇာနည်နေ့ အမှတ်တ ရ ပဒါန်းရဲစခန်းကို ဗုံးပစ်တိုက်ခိုက်

    အာဇာနည်နေ့ အမှတ်တ ရ ပဒါန်းရဲစခန်းကို ဗုံးပစ်တိုက်ခိုက်

    မကွေး၊ ဇူလိုင် ၁၉ ရက်။

    ယနေ့ ကျရောက်သည့် ၇၄ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရအဖြစ် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ် ပြည်သူများအတွက် ပဒါန်းရဲစခန်းကို ယနေ့ည ၁၀ နာရီဝန်းကျင်က ငဖဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း ငဖဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency

  • ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးရရှိရန် NUG ကြိုးပမ်းနေ

    ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးရရှိရန် NUG ကြိုးပမ်းနေ

    RNA – ဇူလိုင် ၁၈ ရက်။

    ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် -၁၉ ရောက်ဂါခံစားနေရသည့် မြန်မာပြည်သူအားလုံးအတွက် ကိုဗစ်ကာကွယ် ဆေးရရှိရန် အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG) က ကြိုးပမ်းနေကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

    ” ပြည်သူလူထုက တရားဝင်အပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူလူထု ၏ အကျိုးစီးပွားကိုသာ အစဉ်အမြဲ ရှေးရှု လျက်ရှိပါသည်။ မိမိတို့အစိုးရသည် အမျိုးသားအဆင့် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်နှင့် လက်တွဲလုပ်ဆောင်ပြီး ပြည်သူများကို အဓိကဦးစားပေး နည်းနာများ ဖော်ပြ၍ ပြည်သူအားလုံး ကိုဗစ် ၁၉ ကာကွယ်ဆေး အမြန်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခုလို ခက်ခဲကြမ်းတမ်းသော ကာလအတွင် ဒုက္ခရောက်နေကြသည့် မိမိတို့ မြန်မာပြည်သူများကို နိုင်ငံတကာ မိသားစုများမှ တက်နိုင်သမျှကူညီပေးပါရန် မိမိတို့အစိုးရအနေဖြင့် မေတ္တာရပ်ခံကြောင်း၊ မြန်မာပြည်အား ချန်မထားပဲ မိမိတို့နှင့်အတူ ပူးပေါင်း ကူညီဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အမျိုးသား အစိုးရများ၊ စေတနာ သဒ္ဓါတရားထက်သန်သော လူပုဂ္ဂိုလ်များကို NUG က တိုက်တွန်းထားသည်။

  • ကနီမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ က အရပ်သားပြည်သူ (၁၆) ဦးကို အစုလိုက်ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်

    ကနီမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ က အရပ်သားပြည်သူ (၁၆) ဦးကို အစုလိုက်ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်

    RNA- ဇူလိုင် ၁၈ ရက်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက အရပ်သားပြည်သူ (၁၆) ကို အစုလိုက်ဖမ်းဆီးပြီး ရက်ရက်စက်စက် အသတ်ခံရကြောင်း ယနေ့ ( ဇူလိုင်လ ၁၈ ရက်) တွင် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေရာ ဖမ်းဆီးခံရသူများထဲက အသတ်ခံရသူများ၏ Dead Body (၁၆) ခုရှာဖွေတွေ့ရှိကြောင်း၊ ဖမ်းဆီးခံရပြီး Dead Body မတွေ့ရှိမှုများလည်း ရှိသေးနိုင်ကြောင်း၊ အသတ်ခံရသူများတွင် ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ပင်း၊ ဝမ်းဗိုက်၊ ဦးခေါင်းတို့ကို ဓားဖြင့်မွှန်းထားကြောင်း၊ လက်‌ပြန်ကြိုးတုပ်ခြင်းနှင့် တချို့မှာ လက်နှင့်ချေထောက်များကို ဖြတ်ထားခြင်း၊ ဦးခေါင်းနှင့် နဖူးတွင် သေနတ်ဒဏ်ရာ စသည်တို့ဖြင့် ရက်ရက်စက်စက် အသတ်ခံထားရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

    စစ်ကောင်စီလက်နက်ကိုင်များ ချင်းတွင်းမြစ် အရှေ့ဘက် ကျေးရွာများကို ဇူလိုင်လ ၉ ရက်နေ့က ဝင်ရောက်လာသည့်အတွက် ယင်းရွာ၊ ကုန်သာရွာနှင့်အခြားကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်စဉ်၊ ဇူလိုင်လ ၉ ရက်နေ့က အရပ်သားပြည်သူ (၁၁) ဦး၊ ဇူလိုင်လ ၁၀ ရက်နေ့က အရပ်သားပြည်သူ (၁၅) ဦးကို လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးသွားကြောင်း၊ အဖမ်းခံရသူများထဲမှ အမျိုးသမီး‌ ၄ ဦးသာပြန်လွှတ်ပေးခဲ့သည်။

    Red News Agency

  • ရက္ခိုင့်တပ်တော် ULA/AAမှ ဗိုလ်မှူးကြီး ဘုန်းမြတ် ကိုရိုနာဗိုင်းရပ် (Covid-19) ရောဂါဖြင့် ကွယ်လွန်

    ရက္ခိုင့်တပ်တော် ULA/AAမှ ဗိုလ်မှူးကြီး ဘုန်းမြတ် ကိုရိုနာဗိုင်းရပ် (Covid-19) ရောဂါဖြင့် ကွယ်လွန်

    RNA- ဇူလိုင် ၁၈ ရက်။

    ရက္ခိုင့်တပ်တော် ULA/AAမှ ဗိုလ်မှူးကြီးဘုန်းမြတ် ဇူလိုင်လ ၁၇ ရက်နေ့က ကိုရိုနာဗိုင်းရပ် (Covid-19) ရောဂါဖြင့် ကွယ်လွန်သွားသည့်အတွက် ရက္ခိုင့်တပ်တော်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency