ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက တိုက်ခိုက်ချေမှုန်းမည်

ပုလဲ၊ ဇူလိုင် ၂၉ ရက်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက ပြည်သူ့သစ္စာဖောက်သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပုလဲမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Pale People’s Defense Force – PPDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

” ပုလဲမြို့နယ် အတွင်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ် ရေးယန္တယားအား ထောက်တိုင်လုပ်ပေးနေကြသော အုပ်ချုပ်ရေးမှူးခေါ်ဦးနှောက်မဲ့သတ္တဝါများအနေဖြင့် 1.8.2021 တနင်္ဂနွေနေ့မှ စ၍ ပြည်သူ့အပေါ် အနိုင်ကျင့် ယုတ်မာရက်စက်နေ့သည့် အကြမ်းဖက်အုပ်စု၏ ယန္တယားမှ အားလုံးနုတ်ထွက်ပေးကြပါရန် ကျွန်ုပ်တို့ PDF အနေဖြင့် ပြင်းပြင်းထန်ထန် သတိပေးတားမြစ်လိုက်သည်။ လိုက်နာခြင်း မရှိပါက မည်သည့်အကြောင်းပြချက်နှင့်မျှ သက်ညှာမည် မဟုတ်ဘဲ ပြည်သူ့သစ္စာဖောက် အဖြစ် သတ်မှတ်၍ တိုက်ခိုက်ချေမှုန်းသွားတော့မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေငြာလိုက်သည်။” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များ မကြာခန ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နယ်မြေအတွင်း သတင်းပေးမှုများကြောင့် PDF အချို့ အဖမ်းခံရမှုများရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးနှင့် စစ်ကောင်စီလက်နက်ကိုင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်၊ တောင်ဖြူ ကျေးရွာအနီးတွင် ဒေသခံ PDF ၃ ဦးကျဆုံးပြီး၊ တူမီး ၅၀ လက်နှင့်အတူ ၅၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့က ကနီမြို့နယ် မုံရွာ- ယာကြီး ကားလမ်းတောင်ဘက် ဇီးဖြူကွင်း ကျေးရွာအနောက်ဘက်တွင် ပျူစောထီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်နက်ကိုင်တို့၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဒေသခံ PDF ၉ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

#RedNewsAgency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *