Author: RNA Editor

  • မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

    မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

    RNA – အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    မန္တ‌လေးမြို့ မဟာ အောင်မြေမြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကညန ရုံးအနီး ယနေ့ နံနက် ၁၁ နာရီက ဗုံး ၂ လုံးဆင့် ပေါက်ကွဲမှုမှာ SAF – Special Attacking Force (Upper Burma) အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ပြည်သူ့ကို ပစ်သတ်မည့် ကျည်ဆံဖိုးများ စစ်ကောင်စီထံ ဆက်လက်စီးဆင်းမှုကို လုံးဝဖြတ်တောက်ရန် ရည်ရွယ်သော လှုပ်ရှားမှု တခုဖြစ်ကြောင်း၊ မလိုလားအပ်သော ထိခိုင်မှုမှ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ ဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် SAF အဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    ယနေ့ နံနက်က ပေါက်ကွဲခဲ့သည့် ကညန ရုံးသည် ၄ ကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ပေါက်ကွဲမှုတွင် ဆိုင်ကယ်များ ပျက်စီးခဲ့သလို ဒဏ်ရာရရှိသူ တချို့ ရှိခဲ့ကြောင်း သိရသည်။

    Red News Agency

  • မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

    မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

    RNA- အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    မုံရွာမြို့ လူထုသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းခဲ့သည့် စခန်းမှူး မြင့်ဆွေပါသည့်ဆိုင်ကယ်ယာဉ်တန်း ယနေ့ နံနက် ၈ နာရီကျော်က Kanbalu Underground Warriors (KBU-UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဒလန် အရှင်းခံရသည့် ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ ကိစ္စကို ကန့်ဘလူမြို့နယ် ထနိးကုန်းရွာ နယ်မြေ စခန်းက မြင့်ဆွေအပါအဝင် ရဲအဖွဲ့ ဆိုင်ကယ်များဖြင့် လာရောက်စဉ် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တိတိကျကျ မပြောနိုင်သေးကြောင်း၊ ရီးဒွေးရွာရှိ ပျူစောထီး ဒလန် ပူတူးကို အောက်တိုဘာ ၂၆ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်က KBU-UG အဖွဲ့ဝင် ၁၀ ဦးက နေအိမ်သွားပြီ သေနတ်ဖြင့် ပစ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

    ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ပြီး ဖမ်းဆီးပြီး မကြာမီ မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး မြင့်ဆွေသည် ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းရွာ နယ်မြေရဲစခန်းကို ပြောင်းရွေ့ထားခြင်းဖြစ်သည်။

    Red News Agency

  • တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

    တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

    RNA- အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်က နိုင်ငံရေးတွင်ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် ယနေ့ ( အောက်တိုဘာလ ၁၅ ရက်) နံနက်ပိုင်းက KNU က ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

    ကရင်အမျိုးသားအစည်းအရုံး – KNU သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးမျှော်မှန်းကာ NCA ( တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် – Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့ (၆) နှစ်ပြည့်နေ့တွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။

    လက်ရှိ ဆိုးဝါးနေသည့် နိုင်ငံရေးအ‌ခြေအနေအား ကယ်တင်နိုင်ရန်အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန်၊ နိုင်ငံတဝှမ်းဖြန့်ကျက်ထားသည့် ရဲနှင့်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်လည်ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေငြာရန်၊ တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်မှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေငြာချက်ထုတ်ပြန်ရန်နှင့် နိုင်ငံရေးတွင် ပါဝသ်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် စသည့်အချက်များကို KNU က ထုတ်ပြန်တောင်းဆိုလိုက်သည်။

    မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသောလူ့ဘောင် တည်ဆောက်မည်ဆိုပါက ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ စုံလင်ကွဲပြားမှုနှင့် နက်ရှိုင်းစွာဖြဂ့် လွဲမှားစွာ တည်ဆောင်ခြင်း ခံခဲ့ရသော လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ဖက်ဒရယ်နိုင်ငံထူထောင်ပြီး ဒီမိုကရေစီစနစ်ကျင့်စဉ်များလက်တွေ့ကျင့်သုံးရမည်ဟု KNU က ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

    စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

    RNA ၊ အောက်တိုဘာ ၈ ရက်။

    စစ်ကောင်စီအလိုကျ တရားစီရင်နေသော တရားသူကြီးသည် ပြစ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟု NUG တရား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

    Red News Agency

  • မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

    မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

    RNA – အောက်တိုဘာ ၃ ရက်။

    အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုမြို့သို့ လာမည်ကို လက်မခံကြောင်း ပူတာအို PDF က ယနေ့ ( အောက်တိုဘာ ၃ ရက်) နံ‌နံစောစော ၁ နာရီဝန်းကျင်က မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို လက်နက်ကြီး ပစ်ခတ် သတိပေးလိုက်ကြောင်း သိရသည်။

    ” အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာမည်ဖြစ်သည့်အတွက် ပူတာအိုမှ လက်မခံကြောင်းနှင့် ရောရှိလာပါက ဒီထက်ကြမ်းသော သတိပေးပစ်ခတ်မှုများ ပြုလုပ်သွားမည်” ဟု PUTAO PDF က ယနေ့နံပိုင်းတွင် ထုတ်ပြန်ထားသည်။

    ယနေ့ နံနက် ပူတာအို မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို PUTAO PDF က လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်ကြောင်း သိရသည်။

    Red News Agency

  • NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

    NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

    RNA- စက်တင်ဘာ ၂၅ ရက်။

    အမျိုးသားညီညွတ်ရေး အစိုးရ- NUG က People Revolution Army (PRA)ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့‌ကြောင်း PRA က ထုတ်ပြန်ထားသည်။

    Red News Agency

  • ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

    ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

    RNA – စက်တင်ဘာ ၂၃ ရက်။

    စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစား ကျေးရွာအကြား မန္တလေးမှ မုံရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး ၂ စီးကို ယနေ့ ( စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦး PDF က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး၂ စီးမှာ မိုင်းထိပြီး ဘယ်ဘက်အခြမ်းထိပြီး သေဆုံးသူ ၆ ဦးထက်မနည်း ရှိနိုင်ကြောင်း၊ ဒဏ်ရာရရှိသူများရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

    #rednewsagency

  • စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

    စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

    RNA- စက်တင်ဘာ ၂၀ ရက်။

    ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက် ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO တပ်ရင်း (၁) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိသည်ဟု ယနေ့တွင် ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

    ” သံလွင်မြစ်ကမ်းနားရှိ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးကပြောပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက ယခုရက်ပိုင်း တပ်အင်အားများ တိုးချဲ့ပို့ထားကြောင်း၊ အသိမ်းခံထားရသည့် တပ်စခန်းများကို ပြန်လည်တောင်းဆိုထားမှုများရှိကြောင်း၊ စစ်ကာင်စီတပ်စခန်းအချို့သည် တိုက်ခိုက်ခြင်းမပြုမှီ ထွက်ပြေးသွားသည့်အတွက် KNU လက်အောက်က တပ်များက သိမ်းဆည်းရမှုများရှိကြောင်း သိရသည်။

    အာဏာသိမ်း စစ်ကောင်စီသည် ယခုအခါ ကရင် ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည် ( ကယား) နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကို အဓိကထားပြီး စစ်မျက်နှာ ဖွင့်ထားရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်ကောင်စီလက်နက်ကိုင်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းမှ ပြည်သူတို့က လမ်းပေါ်ထွက် ဆန္ဒပြမှုများကို ယနေ့အထိ ပြုလုပ်နေသည်။

    Red News Agency

  • ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

    ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

    RNA- စက်တင်ဘာ ၁၇ ရက်။

    တိုင်ရင်းသားလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်‌နေ့က စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံးကြောင်း သိရသည်။

    NUG အစိုးရ ပြည်ထဲရေးဌာန ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များအရ ချင်းပြည်နယ် ကျင်ဒွေးမြို့နယ်တွင် ၇ ယောက်၊ ကန်ပက်လက်နှင့်ဆော့မြို့အကြား ၇ ယောက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ၆ ယောက်၊ မန္တလေးတွင် ၁ ယောက်၊ ကယားပြည်နယ် ဒီမော့ဆို မြို့နယ်တွင် ၄ ယောက် စစ်ကောင်စီဘက်က သေဆုံးခဲ့သည်ဟု ဆိုသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် – ၁၂ နေရာ၊ အုပ်ချုပ်ရေးပစ်မှတ် – ၁၆ နေရာ၊ စီးပွားရေးပစ်မှတ် – ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

    စစ်ကောင်စီကို ဝင်တိုက်ရာ ချောင်းဦးPDF အဖွဲ့က ၄ ဦးကျပြီး ၁ ဦးအဖမ်းခံရ

    RNA – စက်တင်ဘာ ၁၆ ရက်။

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာနှင့် ကံဇီးကျေးရွာတို့တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည့်အတွက် ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ( စက်တင်ဘာလ ၁၆ ရက်) တွင် မိုင်းဆွဲတိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ဦးကျဆုံးပြီး ၁ ဦးဖမ်းခံလိုက်ရကြောင်း သိရသည်။

    ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြောက်ကျား တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ် အထိအခိုက်ရှိပြီး လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်ရာမှ ဒေသခံ PDF အဖွဲ့ဝင်များ လက်နက်ကြီးမှန်ကာ ကျဆုံးခဲ့ရကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ချောင်းဦးမြို့နယ်
    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency