မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

RNA- အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

မုံရွာမြို့ လူထုသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းခဲ့သည့် စခန်းမှူး မြင့်ဆွေပါသည့်ဆိုင်ကယ်ယာဉ်တန်း ယနေ့ နံနက် ၈ နာရီကျော်က Kanbalu Underground Warriors (KBU-UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒလန် အရှင်းခံရသည့် ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ ကိစ္စကို ကန့်ဘလူမြို့နယ် ထနိးကုန်းရွာ နယ်မြေ စခန်းက မြင့်ဆွေအပါအဝင် ရဲအဖွဲ့ ဆိုင်ကယ်များဖြင့် လာရောက်စဉ် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တိတိကျကျ မပြောနိုင်သေးကြောင်း၊ ရီးဒွေးရွာရှိ ပျူစောထီး ဒလန် ပူတူးကို အောက်တိုဘာ ၂၆ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်က KBU-UG အဖွဲ့ဝင် ၁၀ ဦးက နေအိမ်သွားပြီ သေနတ်ဖြင့် ပစ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ပြီး ဖမ်းဆီးပြီး မကြာမီ မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ စခန်းမှူး မြင့်ဆွေသည် ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းရွာ နယ်မြေရဲစခန်းကို ပြောင်းရွေ့ထားခြင်းဖြစ်သည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *