Author: Editor

  • စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။

    (more…)

  • စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

    RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှု မိုးဗြဲမြို့ မွေတော် ဘုရားကျောင်းဝန်းအတွင်း စစ်ဘေးရှောင်များအနီး ကျရောက်ပေါက်ကွဲပြီး အသက် (၁၀)နှစ် အောက် ကလေးငယ်မောင်နှမ (၂) ဦးနှင့် အသက်(၅၀)ကျော် အမျိုးသား (၂) ဦး သေဆုံးခဲ့ရပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ” စကစမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော် ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ 13ဦး လက်နက်ကြီးထိမှန်ကာ အသက်10 နှစ် အောက် ကလေးငယ်မောင်နှမ ၂ ဦး နှင့် အသက် 50ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသည်” ဟု Moebye Rescue Team က ယနေ့ အသိပေးထားသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့အနီးဝင်ကျင်ကို ရမ်းသန်းပစ်ခတ်နေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အသက် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ကြောင်း၊ တိုင်ပွဲဖြစ်ပွားနေသည့် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး လက်နက်ကြီးများနှင့်လည်း ရမ်းသန်းပစ်ခတ်နေသည်။

    Red News Agency

     

  • စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

    စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

    RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

    ရခိုက်ပြည်နယ်အနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA)မှ ကြေညာပြီးနောက် မောင်းတောမြို့နယ် (မြောက်ပိုင်း)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ( မီးတိုက်) စခန်းကို AAမှ ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

    ရခိုက်ပြည်နယ်အတွင် စစ်ကောင်စီတပ်က ဆုံးရှုံးလိုက်ရသည့် စခန်းများ ပြန်လည်ရရှိရေး လေကြောင်းနှင့်လက်နက်ကြီးများအပါအဝင် ပစ်ခတ်တိုက်ခိုက်နေသော်လည်း စက်တင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက မီးတိုက် နယ်ခြားစောင့်စခန်းကို AA မှ သိမ်းပိုက်ပြီး မီးရှို့သွားကြောင်း၊ မီးတိုက်စခန်းမှ စစ်ကောင်စီလက်အောက် ခံများ သေဆုံးမှုရှိနိုင်ကြောင်း၊ မီးတိုက်ကျေးရွာ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ တပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA)မှ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း AA ကထုတ်ပြတ်ထားသည်။

    Red News Agency

  • ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

    ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

    RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။
     
    ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိိ စစ်ကောင်စီတပ် အမှတ် ၁၃၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်တို့ ဦးစီးပြီး ယမန်နေ့ ( စက်တင်ဘာလ ၁၃ ရက်) ညနေ ၆ နာရီဝန်းကျင်က ငြိမ်းချမ်းစွာဆန္ဒပြကြမည့် လူငယ်များအပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၇ ဦးကို အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
     
    ဖမ်းဆီးခံရသည့် ၂၇ ဦးကို အမှတ် ၁၃၉ ခြေလျင်တပ်ရင်း တည်ရှိသည့် ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ် ၁ သစ်စက်ဝန်းအတွင်း စစ်ကြောရေးဝင်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရန် ပြင်ဆင်နေစဉ် အကြမ်းဖက် ပစ်ခတ်ရိုက်နှက် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

    စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

    RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။

    အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ရဲဘော်များမှာ စစ် မတိုက်ရ၍ စိတ်မရှည်ဖြစ်နေကြပြီး မနည်းထိမ်းထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

    ” ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ် တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ “ပြည်တော်ဝင်” ကြမယ် လို့ပြောထားတယ် ” ဟု ဦးလွင်ကိုလတ်က  စက်တင်ဘာ ၁၃ ရက်နေ့က ပြောကြားထားသည်။

    (more…)

  • တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

    တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

    RNA_ စက်တင်ဘာ ၁၃၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ သေဆုံးသူ- ၂၅၁၀၇ ဦး နှင့်ထိခိုက်သူ – ၈၀၂၃ ဦး အထိ ရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်ကြေညာသည်။

    (more…)

  • ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

    ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

    RNA_စက်တင်ဘာ( ၁၃)၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့ပြတွင် နေ့စဉ်နီးပါး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ် (၂၀) ဝန်းကျင်ကို ယနေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး ( ပန်းပင်နီလမ်း ) လမ်းမှာ စစ်ကောင်စီတပ် လက်အောက်ခံများက ဖမ်းဆီးသွားကြောင်း သိရသည်။

    ” အခုညနေက အတော်များများပါသွားတယ်၊ သပိတ်ထွက်ဖို့စတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ အတိအကျတော့ မသိရသေးဘူး ၂၀ ဝန်းကျင်ရှိလိမ့်မယ်၊ ပထမ ကြားတာက ၁၀ ယောက်ကျော်ပေါ့ နောက်တော့ ဗလကတင် လေးယောက်၊ တကသကလည်း ပါသွားတယ်၊ နောက်ပြီး အခြား အဖွဲ့တွေကလည်း ပါသွားသေးတယ်၊ ကျား ၁၈၊ မ ၉ လို့ထိ စာရင်းထွက်လာတယ် အတိအကျတော့ မသိရသေးဘူး ပါသွားတာများတယ်” ဟု ရန်ကုန်မြို့ပြ သပိတ်ကော်မတီဝင် ရဲဘော်ဇူးက ပြောသည်။

    (more…)

  • စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

    စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

    RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။

    (more…)

  • မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

    မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။

    မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

    ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။

    မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့၏ ရဲရင့်မှုနှင့် တော်လှန်ရေးသစ္စာကို မြဲမြံစွဲဖင့် ရွပ်ရွပ် ချွံချွံတိုက်ပွဲဝင်မှုအား လေးမြတ်စွာ အလေးနီပြုကြောင်း၊ ရဲဘော်၏ တာဝန်များကို ဆက်လက်ထမ်းဆောင်၍ ရဲဘော်ကိုယ်စား တော်လှန်ရေးပန်းတိုင်ကို မမှိတ်မသုံချီတက်အောင်ပွဲဝင်ပါမည်ဟု မြို့ပြတော်လှန်ရေးတပ်ဦး – URF က ကတိသစ္စာပြုထားသည်။

    (more…)

  • အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။

    ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။

    ” ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ” ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။

    မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံထားရသူများထဲမှ (၅) ဦးသည် ထောင်အုတ်နံရံကျော်ကာ စက်တင်ဘာလ (၁၀) ရက်နေ့က လွတ်မြောက်သွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက နံရံပေါ်မှ သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency