Editor

1552 Posts
ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ထုတ်ခံထားရပြီး ဖမ်းဆီးမရသူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို သိမ်းဆည်းရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် တရားရုံးက ပြုလုပ်နေကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ၅၀၅ (က) တပ်ခံထားရသူများ၏ နေထိုင်ခဲ့သည့် အိမ်များတွင် တရားရုံးမှ အမှုရင်ဆိုင်ရန် အကြောင်းကြားစာများ ရောက်ရှိလာခဲ့ကြောင်း၊ လာရောက်ရန် ပျက်ကွက်ပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်ကြောင်းစသည့် ဝရမ်းစွဲကပ်ရန် အမိန့်စာများ ဖြန့်ထားသည်ဟု သိရသည်။ (more…)
Read More
ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။ (more…)
Read More
တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်…
Read More
ဆူးလေခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမည် 

ဆူးလေခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမည် 

RNA_ဩဂုတ်၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားမီးပွိုင့်မှာ ယာဥ်ထိန်းရဲ၊ စခန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်တို့အပါအဝင် (၁၀) ဦးကျော်တို့က ခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမှု ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေကြောင်း သိရသည်။ "တံတားပေါ်က ဖြတ်ဖို့ အခုလို အင်အားတွေသုံးပြီး လုပ်နေတာကတော့ ထူးဆန်းတယ်။ တံတားအောက်က ဖြတ်မယ့်  ခရီးသွား ပြည်သူတွေကို ဖမ်းဆီးဖို့ ကိစ္စတစ်ခုတည်းက မဖြစ်နိုင်ဘူးလေ။ အကြောင်းတစ်ခုခုရှိလို့ ဖြစ်မယ်" ဟု ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ (more…)
Read More
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။ (more…)
Read More
၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။ ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour…
Read More
မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ "အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော   နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်" ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။ Red News Agency
Read More
စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။ "ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က…
Read More