RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။
![]()

RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။
![]()

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။
စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။
ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။
[embedyt] https://www.youtube.com/watch?v=il13qH2xPdw[/embedyt]
ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် အတွက် Black Operation Force ရဲဘော်များက ဩဂုတ် ၂၄ ရက်နေ့က တောတွင်းတနေရာတွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြသည်။
Red News Agency

RNA_ဩဂုတ်၂၆၊၂၀၂၂ခုနှစ်။
ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားမီးပွိုင့်မှာ ယာဥ်ထိန်းရဲ၊ စခန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်တို့အပါအဝင် (၁၀) ဦးကျော်တို့က ခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမှု ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေကြောင်း သိရသည်။
“တံတားပေါ်က ဖြတ်ဖို့ အခုလို အင်အားတွေသုံးပြီး လုပ်နေတာကတော့ ထူးဆန်းတယ်။ တံတားအောက်က ဖြတ်မယ့် ခရီးသွား ပြည်သူတွေကို ဖမ်းဆီးဖို့ ကိစ္စတစ်ခုတည်းက မဖြစ်နိုင်ဘူးလေ။ အကြောင်းတစ်ခုခုရှိလို့ ဖြစ်မယ်” ဟု ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။
[embedyt] https://www.youtube.com/watch?v=KBkWT5gziD8[/embedyt]
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။
Red News Agency

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။
![]()
မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။
အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။
၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ ပူးပေါင်းကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
Red News Agency

RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
“အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။
Red News Agency

RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။
ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။
“ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၁) ဦးသေပြီး၊ ဩဂုတ် (၁၆) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ကြသည်။
Red News Agency

RNA_ဩဂုတ်၁၇၊၂၀၂၂ခုနှစ်။

How money dead bodies UN need to take action ? စာသားကိုကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ စစ်ကောင်စီတပ် မီးရှို့သွားသည့် မီးလောင်ပြင်တစ်နေရာမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှမရပ်တည်ဘဲ မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန်အတွက် တောင်းဆိုခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

RedNewsAgency

RNA_ဩဂုတ်၁၂၊၂၀၂၂ခုနှစ်။
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်သည် အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ပြီး ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
” အိုးဘိုထောင်တွင်း ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးပါ။ ထို့ကြောင့် ကိုနောင်ထက်အောင်၏ အခြေအနေသည် ထောင်တွင်းမှာ အလွန်ဆိုးဝါးလျက်ရှိသည်” ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယမန်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်မှအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားပြီး အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်များကို တိုက်ပိတ်ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မရခြင်း စသည့် ထောင်တွင်းညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ထောင်တွင်းတိုက်ပွဲများအပေါ် ပြည်သုများ အာရုံစိုက်ကြဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းထားသည်။
Red News Agency