Editor

1552 Posts
စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းစသည့်ဒေသမှ အညာလူထုသည် စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ်ခိုင်မာနေသည့်အတွက် ဒေသခံကာကွယ်ရေး တော်လှန်ရေးရဲဘော်များကို အညာလူထုတန်ဖိုးထားသည့် လက်ဝတ်ရတနာများကို ချွတ်ကာ လှူဒါန်းနေကြကြောင်း သိရသည်။ အညာလူထု တန်ဖိုးထားသည့် လက်ဝတ်ရတနာများကို စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်သူရဲကောင်းတပ်(YRF)ကို ပြည်သူများက လှူဒါန်းခဲ့ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ ပြည်သူများကလည်း။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ရွှေနားကပ်၊ ရွှေလက်စွပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ " စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။…
Read More
စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှု မိုးဗြဲမြို့ မွေတော် ဘုရားကျောင်းဝန်းအတွင်း စစ်ဘေးရှောင်များအနီး ကျရောက်ပေါက်ကွဲပြီး အသက် (၁၀)နှစ် အောက် ကလေးငယ်မောင်နှမ (၂) ဦးနှင့် အသက်(၅၀)ကျော် အမျိုးသား (၂) ဦး သေဆုံးခဲ့ရပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ " စကစမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော် ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ 13ဦး လက်နက်ကြီးထိမှန်ကာ အသက်10 နှစ် အောက် ကလေးငယ်မောင်နှမ ၂ ဦး နှင့် အသက် 50ကျော် အမျိုးသား ၂ ဦး…
Read More
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။ ရခိုက်ပြည်နယ်အနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA)မှ ကြေညာပြီးနောက် မောင်းတောမြို့နယ် (မြောက်ပိုင်း)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ( မီးတိုက်) စခန်းကို AAမှ ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။ ရခိုက်ပြည်နယ်အတွင် စစ်ကောင်စီတပ်က ဆုံးရှုံးလိုက်ရသည့် စခန်းများ ပြန်လည်ရရှိရေး လေကြောင်းနှင့်လက်နက်ကြီးများအပါအဝင် ပစ်ခတ်တိုက်ခိုက်နေသော်လည်း စက်တင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက မီးတိုက် နယ်ခြားစောင့်စခန်းကို AA မှ သိမ်းပိုက်ပြီး မီးရှို့သွားကြောင်း၊ မီးတိုက်စခန်းမှ စစ်ကောင်စီလက်အောက် ခံများ သေဆုံးမှုရှိနိုင်ကြောင်း၊ မီးတိုက်ကျေးရွာ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊…
Read More
ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။   ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိိ စစ်ကောင်စီတပ် အမှတ် ၁၃၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်တို့ ဦးစီးပြီး ယမန်နေ့ ( စက်တင်ဘာလ ၁၃ ရက်) ညနေ ၆ နာရီဝန်းကျင်က ငြိမ်းချမ်းစွာဆန္ဒပြကြမည့် လူငယ်များအပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၇ ဦးကို အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။   ဖမ်းဆီးခံရသည့် ၂၇ ဦးကို အမှတ် ၁၃၉ ခြေလျင်တပ်ရင်း တည်ရှိသည့် ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက်၊…
Read More
စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ရဲဘော်များမှာ စစ် မတိုက်ရ၍ စိတ်မရှည်ဖြစ်နေကြပြီး မနည်းထိမ်းထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။ " ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ် တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ "ပြည်တော်ဝင်"…
Read More
တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၅၀၀၀ ကျော်သေဆုံးပြီး ၈၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ

RNA_ စက်တင်ဘာ ၁၃၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ သေဆုံးသူ- ၂၅၁၀၇ ဦး နှင့်ထိခိုက်သူ - ၈၀၂၃ ဦး အထိ ရှိခဲ့ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်ကြေညာသည်။ (more…)
Read More
ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

RNA_စက်တင်ဘာ( ၁၃)၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့ပြတွင် နေ့စဉ်နီးပါး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ် (၂၀) ဝန်းကျင်ကို ယနေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး ( ပန်းပင်နီလမ်း ) လမ်းမှာ စစ်ကောင်စီတပ် လက်အောက်ခံများက ဖမ်းဆီးသွားကြောင်း သိရသည်။ " အခုညနေက အတော်များများပါသွားတယ်၊ သပိတ်ထွက်ဖို့စတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ အတိအကျတော့ မသိရသေးဘူး ၂၀ ဝန်းကျင်ရှိလိမ့်မယ်၊ ပထမ ကြားတာက ၁၀ ယောက်ကျော်ပေါ့ နောက်တော့ ဗလကတင် လေးယောက်၊ တကသကလည်း ပါသွားတယ်၊ နောက်ပြီး အခြား အဖွဲ့တွေကလည်း ပါသွားသေးတယ်၊ ကျား ၁၈၊ မ ၉ လို့ထိ စာရင်းထွက်လာတယ် အတိအကျတော့…
Read More
စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။ (more…)
Read More