RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
ကရင်မျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ အတွင်းပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ရာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များထဲမှ အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


NUGအစိုးရ၏ တနှစ်စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများကိုပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မ တော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု PVTV သ တင်းက ယနေ့ ဖော်ပြထားသည်။


ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္စာမောင်နှှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#RedNewsAgency
https://www.youtube.com/@rednewsmm/community