ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

မြတ်ထွန်းနိုင်၊ ဘူးသီးတောင်|နိုဝင်ဘာလ ၅ ရက်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက် တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှအရပ်သား ၂၂ ဦးကို နိုဝင်ဘာလ ၅ ရက်ယနေ့ နေ့လည် ၃ နာရီအချိန်ခန့်က စတင်ကာ ဘူးသီးတောင်မြို့ရှိ အမှတ် ၃ နယ်ခြားစောင့်စခန်းတွင် ခေါ်ယူစစ်ဆေး နေသည်။

အဆိုပါ အရပ်သား ၂၅ ဦးထဲမှ ဘူးသီးတောင်မြို့နယ်မှ ၂၂ ဦးမှာယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ်က ပြန်လည်ရောက်ရှိလာပြီး သူတို့အားဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်း|အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ထို၂၅ ဦးကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၅ ရက်ယနေ့ နံနက်က ဘူးသီးတောင်မြို့နယ်၊ငွေတောင်ကျေးရွာသို့ လာရောက်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး – ထွန်းမြတ်နိုင် – Red News Agency

By Editor