စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

RNA_မတ် ၂၊၂၀၂၂ခုနှစ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မီးရှို့သွားသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်များမှ သန့်ရှင်းရေးအပါအဝင် အိမ်ဆောက်မည့်ကိစ္စများအတွက် လုပ်အား ပါဝင်ကူညီပေးခဲ့ကြောင်း ယနေ့ အသိပေးထားသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ် စသည့် နယ်တကျောတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

RedNewsAgency

By Editor