တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်က ဒလန်ဇော်လတ် ယနေ့ နံနက်က ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် အပစ်ခံရ

တောင်တွင်းကြီး၊ ဩဂုတ် ၂၁ ရက်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ယနေ့ ( ဩဂုတ်လ ၂၁ ရက်) နံနက် ၈ နာရီဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်၊ အကြမ်းဖက် စစ်ကောင်စီမှ ရာအိမ်မှူးအဖြစ်ခန့်အပ်ထားသည့် ဒလန်ဇော်လတ်ကို အုပ်ချုပ်ရေးမှူးရုံးထဲဝင်ပြီး ပစ်ခတ်ခဲ့ရာ ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒလန်ဇော်လတ်သည် တပ်မတော်ထောက်ခံပွဲများအား ဦးဆောင်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက် ရပ်ကွက်အတွင်း ရာအိပ်မှူး လုပ်ကာ စစ်တပ်သတင်းပေးဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့တွင် နေထိုင်လျက်ရှိသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်က အထူးသတိပေး ချက်ထုတ်ပြန်ထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *