NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကို ရိုဟင်ဂျာအဖွဲ့အစည်းများက ထောက်ခံ ကြိုဆို

RNA- ဩဂုတ် ၃၀ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင်အဖြစ် ရိုဟင်ဂျာတဦးဖြစ်သည့် ဦးအောင်ကျော်မိုးကို ခန့်အပ်ခြင်းအပေါ် ဘင်္ဂလားဒေရ်ှ့နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ အရပ်ဖက်အဖွဲ့အစည်းများက ကြိုဆိုထောက်ခံကြောင်း ယနေ့ ( ဩဂုတ်လ ၃၀ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင်အဖြစ် ဦးအောင်ကျော်မိုးကို ဩဂုတ်လ ၂၇ ရက်နေ့က ခန့်အပ်ခဲ့ကြောင်း၊ ဦးအောင်ကျော်မိုးသည် ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး၏ အခွင့်အရေးကိစ္စများ၊ ဘင်္ဂလားဒေရ်ှ့နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပညာရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ကိစ္စများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် ဦးအောင်ကျော်မိုးကို ထောက်ခံကြိုဆိုသည့် အဖွဲ့များမှာ Rohingya Youth Association ( RYA) ၊ Rohingya Women Development Forum ( RWDF) ၊ Arkan Rohingya Cultural Association ( ARCA) ၊ ARSPH၊ RYLA၊ RSU၊ YRD စသည့် ၁၇ ဖွဲ့ဖြစ်သည်။

Photo – RYA

အမျိုးသားညီညွတ်ရေးအစိုးရက ရိုဟင်ဂျာများကို အမိမြန်မာနိုင်ငံအတွင်းက မူလဌာနေ တိုင်းရင်းသားများ ဖြစ်သည့် အားလျော်စွာ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိအမှတ်ပြု ကြေညာပေးရန်နှင့် ယဉ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာများအား ပြည်ထောင်စုအဆင့်မှ ထိန်းသိမ်း ကာကွယ်ပေးရေး ဥပဒေပြဌာန်းပေးရန်၊ ရိုဟင်ဂျာများ၏ မွေးရာပါ အခွင့်အရေးနှင့် နိုင်ငံသားဖြစ်မှုအား ခြွင်းချက် မရှိ အသိအမှတ်ပြုရန် စသည့် တောင်းဆိုချက်များကိုလည်း ဦးကျော်မိုးထွန်း အနေဖြင့် NUG အစိုးရအား ညှိနှိုင်းအကြံပြု ဆောင်ရွက်နိုင်မည်ဟု ရိုဟင်ဂျာများက မျှော်လင့်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *