ပြည်သူများ အပြင်မထွက်ရဲသည့်အချိန် Ruby Mart မီးလောင်
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်ရှိ Ruby mart ဧပြီလ ၁ရက် နံနက် ၁နာရီခွဲခန့်က စတင်မီးလောင်ခဲ့သည်။ ယခုအချိန်သည် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက နေ့ရောညပါ အချိန်ပြည့် လမ်းမများပေါ်တွင်နေပြီး ပြည်သူများမှာ ညပိုင်းအချိန် အပြင်မထွက်ရဲသည့်အချိန် မီးလောင်ခြင်း ဖြစ်သည်။[embedyt] https://www.youtube.com/watch?v=nP4P2L1QaFI[/embedyt]
ယနေ့ နံနက် စောစော မီးလောင်မှုသည် မြန်မာစစ်တပ်ပိုင် စီးပွား ရေးလုပ်ငန်းများဖြစ်သော Ruby Mart နှင့် Gandamar whole sales ကုန်တိုက်တို့ တပြိုင်တည်းနီးပါး မီးလောင်မှု ဖြစ်ပွားခဲ့ချိန်တွင် ရန်ကုန်မြို့တွင် အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward ရောက်ရှိနေချိန်ဖြစ်သည်။ အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward သည် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွှင်း လုံခြုံရေးအဖွဲ့များနှင့် သတင်းလိုက်ယူစဉ် လှိုင်သာယာမြို့နယ်ရှိ မီးလောင်ခံခဲ့ရသည့် စက်ရုံများ၊ ဧပြီလ ၁ ရက်နေ့နံနက်ပိုင်းက မီးလောင်သွားသည့် Gandamar whole sales ကုန်တိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်ခဲ့သည့် တရားရုံးတို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက လိုက်ပို့နေကြောင်း သိရသည်။
Red News Agency