ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက Ruby Mart မီးလောင်

ပြည်သူများ အပြင်မထွက်ရဲသည့်အချိန် Ruby Mart မီးလောင်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်ရှိ Ruby mart ဧပြီလ ၁ရက် နံနက် ၁နာရီခွဲခန့်က စတင်မီးလောင်ခဲ့သည်။ ယခုအချိန်သည် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက နေ့ရောညပါ အချိန်ပြည့် လမ်းမများပေါ်တွင်နေပြီး ပြည်သူများမှာ ညပိုင်းအချိန် အပြင်မထွက်ရဲသည့်အချိန် မီးလောင်ခြင်း​ ဖြစ်သည်။

ယနေ့ နံနက် စောစော မီးလောင်မှုသည် မြန်မာစစ်တပ်ပိုင် စီးပွား ရေးလုပ်ငန်းများဖြစ်သော Ruby Mart နှင့် Gandamar whole sales ကုန်တိုက်တို့ တပြိုင်တည်းနီးပါး မီးလောင်မှု ဖြစ်ပွားခဲ့ချိန်တွင် ရန်ကုန်မြို့တွင် အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward ရောက်ရှိနေချိန်ဖြစ်သည်။ အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward သည် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွှင်း လုံခြုံရေးအဖွဲ့များနှင့် သတင်းလိုက်ယူစဉ် လှိုင်သာယာမြို့နယ်ရှိ မီးလောင်ခံခဲ့ရသည့် စက်ရုံများ၊ ဧပြီလ ၁ ရက်နေ့နံနက်ပိုင်းက မီးလောင်သွားသည့် Gandamar whole sales ကုန်တိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်ခဲ့သည့် တရားရုံးတို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက လိုက်ပို့နေကြောင်း သိရသည်။

Red News Agency

By Editor