Red News Agency

Independent Journalism for Justice and Human Rights.

ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

Written by

in

RNA_ဇွန်(၆)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်းဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၆၅) လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
 
ကံသစ်ကျေးရွာတွင် နေအိမ် (၆၀၀) ဝန်းကျင်ရှိရာ စစ်ကောင်စီတပ်စစ်ကြောင်းက စတုတ္တအကြိမ်အဖြစ် နေအိမ် (၆၅) လုံး၊ ၂၀၂၃ ခုနှစ် မေလက တတိယအကြိမ်အဖြစ် နေအိမ် (၂၀၆) လုံး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်လာလက ဒုတိယအကြိမ်အဖြစ် နေအိမ် (၇) လုံး၊ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လက ပထမအကြိမ်အဖြစ် နေအိမ် (၅၂) လုံး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စုစုပေါင်း (၃၂၈) လုံး ပျက်စီးခဲ့ရပြီး၊ ကောက်ပဲသီးနှံများနှင့်ရိက္ခာများပါ မီးထဲပါသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများသည် ရောက်သည့်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများကို ခိုးယူကြပြီး နေအိမ်အဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း (၇၄) ရွာမှ နေအိမ် (၆၀၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒေသခံပြည်သူ (၃) သောင်းကျော် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
 
#RedNewsAgency