RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။
မကွေးတိုင်း မင်းတုန်းမြို့နယ်ကျေးရွာ (၂) ရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး (၁) ဦး သေဆုံးပြီး အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း (၄) က ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ထုတ်ပြန်ထားသည်။
ယနေ့ နေ့လည် (၁) နာရီဝန်းကျင်က တံတားဦးလေတပ်စခန်းမှတက်လာသည့် စစ်အုပ်စု ဂျက်ဖိုက်တာ လေယာဉ် (၂) စင်းသည် ကြို့ကုန်းနှင့် ကံမနိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီး (၁) ဦးနှင့် အသက် (၄၆) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ သေဆုံးခဲ့ပြီး နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်ကလည်း သရက်မြို့ အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှ တက်လာသည့် ပါရာမော်တာ (၃) စီးဖြင့် မင်းတုန်းမြို့နယ်အတွင်း ရွာသစ်ရွာနှင့် ငှက်ပျင်းရွာကြားကို စစ်အုပ်စုက ဗုံးသီး (၉) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကြို့ဝကျေးရွာအနေ အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကြို့ဝကျေးရွာသည် ရခိုင်-မကွေးအစပ် ရခိုင်ရိုးမအနီး၌ တည်ရှိပြီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေကြောင်း၊ စစ်အုပ်စုဘက်မှ အထိနာနေခြင်းကြောင့် အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများရှိနေကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန် အထူးသတိပြုရန်လည်း သရက်ခရိုင် တပ်ရင်း (၄) က အသိပေးတိုက်တွန်းထားသည်။