RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။
အာရက္ခပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်အား နိုဝင်ဘာ (၁၂) ရက်နေ့ ည (၈) နာရီ (၄၉) မိနစ်ခန့်မှ စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ (၂) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရရှိခဲ့သည်။
ကြက်ဈေးရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုတွင်း စာသင်ကျောင်းဆောင်နှင့် သာသနိက အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးမှုများရှိကြောင်း၊ နိုဝင်ဘာလ (၅) ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ နန်းကျားရွာအား စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ အရပ်သားပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး ပြည်သူ (၁၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု AA က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ်ပြန်ထားသည်။




အာဏာသိမ်း စစ်ကော်မရှင်မှ အာရက္ခပြည်အတွင်း နိုဝင်ဘာလ (၃) ရက်နေ့က ကျောက်တော်မြို့နယ်၊ မျှာလီကန်ကျေးရွာ အနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၂) ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအား ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၁) ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ် နှင့် ဝီရဌာနေမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားပြည်သူများ သေဆုံးနေရသည်။
#RedNewsAgency #RedNews #RNA