RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။
အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ “FREE HER” လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
တော်လှန်ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့်အတူ —Free Aung San Suu Kyi,Release Now,End Political Detention,Free Her Aung San Suu Kyi စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ “အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ” ဟု သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့ကြသည်ဟုလည်း “FREE HER” လှုပ်ရှားမှုနှင့် ပတ်သက်ပြီး GSCB ကအသိပေးထားသည်။




ဓာတ်ပုံ : လက်ပံတောင်းတောင်ပင်မသပိတ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးတောင်းဆိုသည့် “FREE HER” ကမ်ပိန်းကို မြန်မာနိုင်ငံတွင်း ဒေသအသီးသီးအပြင် ကမ္ဘာတစ်ဝန်းရှိ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အရှိန်အဟုန်မြှင့် လှုပ်ရှားနေသည်ဟုလည်း သိရသည်။
#REDNEWS #RNA #RedNewsAgency #DawAungSanSuuKyi