RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။
အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲအတုအယောင်လုပ်ပြပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတင်မြှောက်ပြီးနောက် လူထုအား အကြမ်းဖက်သတ်ဖြတ်မှုများ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသော်လည်း နိုင်ငံတကာ သံတမန်ရေးလှည်းဖျားမှုများကိုလည်း တဖက်တွင် လုပ်ဆောင်နေသည့်အတွက် စစ်ရေးမုန်တိုင်းများနှင့် သံတမန်ရေးလှည်းဖျားမှုများကို ရန်ဆိုင်ဖြတ်သန်းရန် ပြင်ဆင်ကြဖို့ ABSDF ဥက္ကဋ္ဌ တိုက်တွန်း ရဲဘော်သံခဲက တိုက်တွန်းလိုက်သည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် – ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၈) နှစ်ပြည့်ဖြစ်ကြောင်း၊ ရဲဘော်သံခဲက ရဲဘော်ထုအား ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူလူထုလိုချင်မှုသည် စစ်အာဏာရှင်များ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမဟုတ်ကြောင်းနှင့် စစ်တပ် နိုင်ငံံအရေးမှာ အရာရာဗိုလ်ကျစိုးမိုးနေခြင်းကို လက်မခံသည့်အပြင် လူထုလိုချင်သည်မှာ စစ်တပ်ဟာ အရပ်သား အုပ်ချုပ်မှုအောက်ရှိရေးဖြစ်ကြောင်း စသဖြင့် ပြောကြားထားခြင်းဖြစ်သည်။
“ငါတို့တိုင်းပြည်ကို အများနည်းတူ ဒီမိုကရေစီစနစ် ကျင့်သုံးချင်တယ်။ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ပုံစံ တည်ဆောက်ချင်တယ်။ စစ်အာဏာရှင်တွေပြောနေတဲ့ စနစ်နဲ့ပုံစံမဟုတ်ဘူး။ ဒါ့ကြောင့် ငါတို့ဟာ ထိပ်တိုက်ရင်ဆိုင် အံတုနေရဆဲဖြစ်တယ်။ လာမည့်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး လှိုင်းတံပိုးတွေ၊ စစ်ရေး မုန်တိုင်းတွေ၊ သံတမန်ရေး လှည့်ဖျားမှုတွေကို တော်လှန်ရေးသတိနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းကြဖို့ အဖက်ဖက်က ပြင်ဆင်ကြရမယ်” ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားထားသည်။








ဓာတ်ပုံ : ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မကဒတ စစ်ကြောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည့်မြင်ကွင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) သည် “တပ်ပေါင်းစုဖြင့် အောင်ပွဲခံကြ” ဟူသောမူကို အစဉ်တစိုက် ဆွဲကိုင််််််လာသော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ ယနေ့ တော်လှန်ရေး လိုအပ်ချက်နှင့်အညီ ပေါ်ထွက်လာသော စုဖွဲ့မှုတစ်ခုဖြစ်စ်သည့် SCEF နှင့်လည်း လက်တွဲဆောင်ရွက်နေကြောင်း ကျောင်းသားတပ်မတော် ဖွဲစည်းတည်ထောင်ခြင်း ၃၈ နှစ်မြောက် ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
Red News Agency , Red News