RNA_ ဖေဖော်ဝါရီ(၂)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် မြို့နယ်အတွင်း Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခြင်း၊ တစ်ချို့ လူဖမ်းဆီးမှုတွင်လည်း လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ မဲခေါင်သည် ၂၀၂၄ ခုနှစ်အတွင်းက မုဒိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရပြီး တာဝန်မှ ရပ်နားသွားကြောင်း၊ နောက်တက်လာသည့် တာဝန်ခံသည် ကန့်ဘလူမြို့နယ် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူး တစ်ဦးနှင့် ညီအစ်ကိုတော်ကြောင်း၊ တစ်ချို့သော မြို့နယ်အတွင်း ကိစ္စများကို ဝန်ကြီးဌာနများကို အသိပေးခြင်းမရှိဘဲ ညီအစ်ကိုတော်သည့် တပ်ရင်းမှူးနှင့်ပေါင်းပြီး လုပ်ဆောင်မှုများရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ယခု ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် ဒေသတွင်း Boycott ကုန်စည်မဟုတ်သည်များကိုလည်း သိမ်းဆည်းမှုရှိကြောင်း၊ မြို့နယ်အခွန်တော်အရာရှိအား ချလန်အလွဲသုံးစားလုပ်မှုဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းရာတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြခြင်းမရှိကြောင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစစ်းသိရှိရသည်။

ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ၏ လုပ်ရပ်များကို NUG ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီထံတိုင်ကြားထားမှုများရှိကြောင်း၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ အရေးယူ သတိပေးမှုများ ပြုလုပ်နေသော်လည်း လိုက်နာခြင်းမရှိကြောင်း၊ Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခဲ့သည့်အတွက် နစ်နာနေသည့် ပြည်သူများလည်းရှိကြောင်း သိရသည်။
#REDNEWS #RNA #RedNewsAgency
