RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ရင်း ကျဆုံးခဲ့ရသော PDF၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းတွင် စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပနခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်းသည် မိုးဗြဲတိုက်ပွဲအတွင်း ဇွန်လ ၂၄ ရက်နေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်းသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ဒီးမော့ဆိုအမှတ် (၁၁၀၂) တပ်ရင်းကို စတင်၀င်ရောက် တာ၀န်ထမ်းဆောင်ကာ တော်လှန်ရေးတာ၀န်များကို ကျေပွန်စွာ တာ၀န်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ဒီးမော့ဆိုအမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA