RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စခင်းမြို့နယ်အတွင်း ကံပြားကျေးရွာမှစတင်ကာ တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းသည် ပုသိမ် – မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် အထိနာနေကြောင်း ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF)ထံမှ သိရသည်။
စလင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းအတိုင်း တင့်ကားများနှင့်အတူခြေလျှင်အင်အားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင်လည်း ပိတ်ဆည်ရွာမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် (၅) ရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၂) ဦးဖမ်းဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိကြောင်း သိရသည်။
ပုသိမ်-မုံရွာလမ်းအတိုင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သော ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF)၊ ဗမာ့တပ်တော် (Bamar Army)၊ ဒေါင်းစစ်အောင် (LPDF)၊ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင်အမှတ် (၅) တပ်ရင်း၊ အမှတ် (၅) တပ်ရင်း (Drone) တပ်ဖွဲ့၊ SLA PDF၊ မင်းဘူးခရိုင် (ပကဖ)၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု SPMNF ကထုတ်ပြန်ထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA