RNA_မေ(၂၆)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံများစသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည့်ပစ်ခတ်တိုက်ခိုက်မှုမျိုးစုံဖြင့် လူသားများ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်နေသည့်အတွက် NUG ပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားရန် ယနေ့ ထုတ်ပြန်ထားသည်။
နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ အသက် အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီ ရပ်နားထားရန် ယနေ့ ညွှန်ကြားထားသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့သည့်အထဲမှ မေလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်။
#RedNewsAgency #REDNEWS #RNA