RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။
အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့သည့်အထဲမှ မေလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်။
#RedNewsAgency #REDNEWS #RNA #AhNyar