ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။

ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။

ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ကြောင်း၊ ဦးဦးလှစော ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

ဦးဦးလှစောသည် ရှစ်လေးလုံး လူထုအရေးတော်ပုံအတွင်း ဖမ်းဆီးထောင်ချခံရပြီး ထောင်မှလွတ်မြောက်လာချိန် ၁၉၉၀ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင်အဖြစ် ရပ်တည်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ထူထောင်ရာ၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် စုစည်းရာတွင်လည်းကောင်း ဦးဆောင်ပါဝင်ကြောင်း၊ ၂၀၂၃ ခုနှစ်မှစတင်၍ လွတ်မြောက်နယ်မြေ၌ ယုံကြည်ရာအမျိုးသားနိုင်ငံရေး၊ တော်လှန်ရေးကို သေတပန် သက်တဆုံး ထမ်းဆောင်ခဲ့သည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော်က ထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။

https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgency #REDNEWS #RNA

By RNA Editor