ဖခင်ဖြစ်သူကို ဖမ်းမမိသည့်အတွက် သမီးဖြစ်သူဖမ်းဆီးခံခဲ့ရ

RNA_မေ(၁၀)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းမှာ ဖခင်ဖြစ်သူ PDF ရဲဘော်ကို ဖမ်းဆီးမရမိသည့်အတွက် သမီးဖြစ်သူ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အကျဉ်းထောင်တွင်းက လွတ်မြောက်ချိန်မှသာ ထုတ်ပြောခွင့်ရခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော မချစ်နန်းဝတ်မှုံသည် စစ်ကြောရေးအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့်အခြေအနေများ၊ ခံစားခဲ့ရသည့် ခံစားချက်များကို ယခုရုပ်သံတွင် ပြောပြထားသည်။

ပန်းတောင်းမြို့နယ်မှ ဧရာဝတီတိုင်းတပ်ဖွဲ့တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သော ဖခင်ဖြစ်သူကို ဖမ်းဆီးမရသည့်အတွက် သမီးဖြစ်သူ မချစ်နန်းဝတ်မှုံကို စစ်ကောင်စီလက်အောက်ခံများက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ဖမ်းဆီးခဲ့ပြီး ထောင် (၃) နှစ်ချကာ ပြည်ထောင်တွင် အကျဉ်းကျခံခဲ့ရပြီး လွတ်ငြိမ်းသက်သာဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ (၁၇) ရက်နေ့က လွတ်မြောက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် သားကို ဖမ်းမမိသည့်အတွက် မိခင်ဖြစ်သူကိုဖမ်း၊ ဖခင်ကိုဖမ်းမမိသည့်အတွက် သမီးဖြစ်သူကိုဖမ်း စသည့် မိသားစုအတွင်းက တစ်ဦးတစ်ယောက်ကို ဖမ်းမမိသည့်အခါ မိသားစုဝင်များကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး အကြောင်းပြချက်တစ်ခုပြကာ ထောင်ချမှုများကို နွေဦးတော်လှန်ရေးကာလအတွင်း မကြာခဏပြုလုပ်လေ့ရှိသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor