RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger မှ ရဲဘော် မိုးကြိုးသည် တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကာ ကျဆုံးသွားခဲ့ရကြောင်း သိရသည်။
မန္တလေးတိုင်း၊ မထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် တပ်ဖွဲ့မှ ပေးအပ်သော တာဝန်ထမ်းဆောင်နေချိန် ရဲဘော် မိုးကြိုးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း၊ ကျဆုံးသွားခဲ့ရသော ရဲဘော်မိုးကြိုးအတွက် အမိန့်ပြန်တန်းကို အလောင်းပြန်မရရှိသော်လည်း တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
#RedNewsAgency #REDNEWS #REDNEWS