RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးအား ဗျူဟာအမှတ် – ၈၁ ယောဗျူဟာမှ ဖမ်းဆီးရမိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
မင်းတပ်တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများမှာ တပ်သား ခိုင်မင်းအောင်၊ တပ်သား ဝင်းနိုင်စိုး၊ ဒုတက သန့်ဇင်ထွန်း၊ တက ဆန်းဦး၊ ဒုတက အောင်မျိုးထွန်း၊ တပ်သား ကျော်ဇင်လတ်၊ စန္ဒာဝင်း (မှီခို)နှင့် ကလေးဖြစ်သူ၊ ဇော်မျိုးထက်၊ ထက်နေဝင်း၊ သန့်ဇင်ထူး ၊ ဇော်မျိုးလှိုင်၊ လီဂျေတို့က ဖမ်းဆီးရမိထားသည်ဟု ဗျူဟာ (၈၁) ယောဗျူဟာထံမှ သိရသည်။
#RedNewsAgency #REDNEWS #RNA